Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Monday, June 29, 2009

မေတ္တာနှလုံးသား ဖြင့် မြန်မာပြည်သို့ အကူအညီ ပေးမည့် Metta World Foundation

မေတ္တာနှလုံးသား ဖြင့် မြန်မာပြည်သို့ အကူအညီ ပေးမည့် Metta World Foundation လူမှုကူညီရေး အသင်းကို (၂၈-၀၆-၂၀၀၉ ) တနင်္ဂနွေနေ့တွင် စင်္ကာပူနိုင်ငံ၌အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်၊ အထူးသဖြင့် လိုအပ်နေသော မိဘမဲ့ဂေဟာများ ဘုန်းတော်ကြီးသင်ပညာသင်ကျောင်းများ ဆွံအ နားမကြားကျောင်းများ ကျန်းမာရေးလိုအပ်ချက်များကို တတ်နိုင်သလောက် အကူအညီပေးရန် သဘောတူဆုံးဖြတ်ကြသည်။ ဤ Metta World Foundation အသင်းဝင် မန်ဘာများတွင်း ဘာသာေ၇း အငြင်းပွးမှု နိုင်ငံရေးဆောင်ရွက်မှု ပုဂ္ဂိုလ်ရေးရာ လူမှုရေး စွက်ဖက်မှု စီးပွားရေးပါဝင်လာမှုတို့ လုံးဝမရှိစေရဘဲ ပရဟိတ သက်သက် စေတနာ မေတ္တာအပြည့်ဖြင့် ချွေးနဲစာများကို ဂျူလိုင်လမှ စတင်ကာ မြန်မာပြည်သို့ လှူဒါန်းမည်ဖြစ်ပါသည်၊ ပရဟိတ စိတ်ပါဝင်စားသူ မည်သူမဆို ကမ္ဘာ့နိုင်ငံဘယ်နေရာ၌ နေနေ ပါဝင်ကူညီနိုင်ကြောင်းကို လည်း အသိပေးအပ်ပါသည်၊ ဒုက္ခရောက်နေသူ မပြည့်စုံသူများကို တတ်နိုင်သလောက် အကူအညီပေးခြင်းဖြင့် လောက ကမ္ဘာလှပရေး မေတ္တာကမ္ဘာ ပြန့်ပွားရှင်သန်ရေးကို ဦးတည်၍ ဖွဲ့စည်းခဲ့ကြခြင်းဖြစ်ပါသည
မေတ္တာကမ္ဘာ ဖောင်ဒေးရှင်းသို့ ၀င်ရောက်လိုသူများ အနေဖြင့် မန်ဘာအဖြစ်ဖြင့် ဖြစ်စေ Volunteer စေတနာ့ဝန်ထမ်းအဖြစ်ဖြင့်ဖြစ်စေ Adviser အနေဖြင့်ဖြစ်စေ ၀င်ရောက်နိုင်ပြီး မန်ဘာများအနေဖြင့် အွန်လိုင်း ကွန်ဖရင့် အစည်းအဝေးသို့ အကြောင်းမရှိဘဲ မပျက်ကွက်ရ လစဉ်မန်ဘာကြေး စင်္ကာပူဒေါ်လာ ၁၀ လှူဒါန်းရမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အောက်ပါ အီးမေးလ် ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါကြောင်း ၀မ်းမြောက်ဖွယ် အသိပေးအပ်ပါသည်၊


အရှင်တိက္ခဥာဏာလင်္ကာရ ( President )[/color]
mail.. bhikkhu.tikkhanana@gmail.com
rev.tikkha@yahoo.com
Ph. 94+71 36 00 9 88
65+8266 2972

ကိုမျိုးမင်းကျော် ( First Organizer )
mail. myominkyaw2008@gmail.com
ph. 65-9235 5291

ကိုဝေယျာလင်း (ခ)ကိုဒန်း( Discipline manager )
mail; waiyar@gmail.com
ph. 65-9295 0857

မအိမီကို (Communicator )
mail; eimeko@gmail.com
ph. 65-9189 5772

အသင်းအခြေစိုက် နေရာ
BLK-714
#09-174
Woodland Drive
Singapore
Singapore 730714

Thursday, June 25, 2009

အမြတ်ဆုံး အလှူအတွက် အမွန်မြတ်ဆုံးသော အခွင့်အရေး ပေါ်လာပြီ

ဝိဟာရ ဒါနံ သံဃဿ အဂ္ဂံ ဗုဒ္ဓေနေ ဒေသိတံ.
ကျောင်းအလှူကို အမြတ်ဆုံး အလှူအဖြစ် ဘုရားရှင် ချီးမွမ်းတော်မူ၏ ၊


Wednesday, June 24, 2009

ယောအသင်း စင်္ကာပူ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမည်

ယောအသင်း ( စင်္ကာပူ ) မှ ၀၅-၀၇- ၂၀၀၉ ခု တနင်္ဂနွေနေ့တွင် Eunos MRT အနီးရှိ မင်္ဂလာရာမ သီရိလင်္ကာကျောင်းတွင် ဓာတ်တော်ကျောင်းဆရာတော်အား အမှူးထား၍ ကြွရောက်လာကြသော သံဃာတော်အရှင်မြတ်များအား ၀ါဆိုသင်္ကန်းနှင့် ဆွမ်းအစရှိသော လှူဖွယ်အစုစုတို့ကို ဆက်ကပ်လှူဒါန်းမည်ဖြစ်ပါသည်။

Friday, May 8, 2009

သီရိလင်္ကာနိုင်ငံမှာ ကျင်းပနေတဲ့ Vesak Day ပွဲတော် မြင်ကွင်းများ



ဒီလို မဏ္ဍပ်ကြီးတွေ ဆောက်ပြီး ဗုဒ္ဓ၀င်တေးသရုပ်ဖော် နောက်ခံစကားပြောတွေနဲ့ ကျင်းပနေပါတယ်။

Thursday, May 7, 2009


ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ တရားရှု့ မှတ်၍ ငြိမ်းအေးစွာ နေပါမည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့ ) Vesak Day

မဟာလူသား မြတ်ဗုဒ္ဓ ,သစ္စာတ၇ားကို လမ်းညွှန်ဖော်ထုတ်တော်မူတဲ့ မြတ်စွာဘုရား ရှင်ရဲ့ မွေးနေ့ကို ရောက်ပါပြီ၊ ခရစ်တော်နဲ့ လူထုပေါင်းစည်းတဲ့နေ့ကို ခရစ်စမတ်တဲ့ ။ ဗုဒ္ဓနဲ့ လူထုပေါင်းစည်းတဲ့နေ့ကို ၀ိဆတ်ဒေး လို့ခေါ်ပါတယ်။ နိုင်ငံတကာမှာ တနိုင်ငံနဲ့ တနိုင်ငံ ကျင်းပပုံတွေကလဲ မတူညီကြပါဘူး။ ရိုးရာ ပြက္ခဒိန်ကို လိုက်ပြီး နေ့ရက်တွေလွဲသလို အခေါ်အဝေါတွေလဲ လွဲနေတာ တွေ့ရပါလိမ့်မယ်။

အိန္ဒိယ၊ ဘင်္ဂလားဒေရှ်နဲ့ နီပေါနိုင်ငံတွေမှာ ဤလပြည့်နေ့ကို ၀ိဆာခ်ပူဇ(Visakah Puja)၊ ဗုဒ္ဓ ပုရ်နိမာ(Buddha Purnima)၊ ဗုဒ္ဓဇယန္တိ(Buddha Jayanti)လို့လဲ အသိများပါတယ်။ ထိုင်းနိုင်ငံမှာက တော့ ၀ိဆာခဘုချ( Visakha Bucha)၊ ဗီယက်နမ်မှာ ဖက်ဒန်း(Phật Đản)၊ အင်ဒိုနီးရှားမှာ ၀ိုင်းဆက် (Waisak)၊ သီရိလင်္ကာမှာ ၀ိဆက်(ဝေ့ဆက်)( Vesak (Wesak))၊ တရုတ်စကားပြောတဲ့ မလေးရှားနဲ့ တရုတ်မှာ ဖောဒန်း(佛誕 (fó dàn))၊ တိဗက်မှာ စကဒ၀(Saga Dawa)လို့ အသီးသီး ခေါ်ဆို အသုံးပြုကာ ပွဲတော်များကို ကျင်းပလေ့ရှိပါတယ်။ လာအိုနိုင်ငံမှာလဲ ဒီပွဲတော်နဲ့ ထပ်တူဖြစ်တဲ့ ပွဲတော် တစ်ခုရှိပါတယ်။ အဆိုပါ ပွဲတော်ကတော့ ၀ိကဆက်ခ ဘောကဆ(Vixakha Bouxa)လို့ ခေါ်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ဒီအချိန်ကျင်းပတဲ့ ဒီပွဲတော်ကို ကဆုန်လပြည့်(Ka-sone-la-pyae)လို့ အမည်တွင်ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာပြက္ခဒိန်ရဲ့ ဒုတိယမြောက်လဖြစ်တဲ့ ကဆုန်လပြည့်လို့ ဆိုလိုပါတယ်။ သီရိလင်္ကာ၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှာ ဒီဝိဆက်ပွဲတော်အခါသမယကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။
အမျိုးမျိုးသော ဓလေ့ထုံးစံများမှာ အသုံးပြုတဲ့ မတူထူးခြားတဲ့ ပြက္ခဒိန်တွေရဲ့ အလိုအရ ၀ိဆက်ပွဲတော်ရက်ကို အတိအကျ သတ်မှတ်ဖို့တော့ ခက်ပါတယ်။

ဗုဒ္ဓဘာသာပြက္ခဒိန်ကို လက်ခံ အသုံးပြုတဲ့ ထေရ၀ါဒတိုင်းပြည်များမှာ ထုံးစံအားဖြင့် ငါးလမြောက် သို့မဟုတ် ခြောက်လမြောက်ရဲ့ လပြည့်နေ့၊ ဥပုသ်နေ့မှာ ပွဲတော်ရက် ကျရောက်ပါတယ်။ တရုတ်နိုင်ငံမှာတော့ တရုတ်ပြက္ခဒိန်မှာ ပထမဆုံးလပြည့်ကျတဲ့ လေးလမြောက်ဖြစ်ပါတယ်။ အနောက်တိုင်းပြက္ခဒိန်အရကတော့ ပွဲတော်ရက် ဟာ တစ်သမတ်တည်း မရှိနိုင်ပါဘူး။ ဒါပေမယ့် များသောအားဖြင့် ဧပြီလနဲ့ မေလမှာတော့ ကျရောက် လေ့ရှိပါတယ်။

၁၉၅၀ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာဝင်များညီလာခံကြီးကို သီရိလင်္ကာနိုင်ငံမှာ ကျင်းပ ခဲ့ပါတယ်။ အဆိုပါ ညီလာခံမှာ မြတ်စွာဘုရားရဲ့ မွေးနေ့ကို ၀ိဆက်နေ့အဖြစ် ပွဲတော်ကျင်းပကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၀ိဆက်အခါတော်နေ့ရောက်တိုင်း တစ်ကမ္ဘာလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓဘာသာဓလေ့ထုံးစံများရဲ့ ထူးခြားတဲ့ အဖြစ်အပျက်များကို အမှတ်တရ ဂုဏ်ပြုလေ့ရှိကြပါတယ်။ တခါတရံ ဗုဒ္ဓနေ့လို့လဲ သုံးကြပါသေးတယ်။ အမှန်ပြောရရင် ဒီပွဲတော်ရက်ဟာ ဗုဒ္ဓမြတ်စွာရဲ့ မွေးနေ့၊ သဗ္ဗညုတညာဏ်အလင်းရရှိတဲ့နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့များနဲ့လဲ တိုက်ဆိုင်နေပါ တယ်။
ဒါကို မြန်မာ့ယဉ်ကျေးမှုမှာတော့ ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ မှတ်ရန် လကဆုန်လို့ မှတ်ရလွယ်အောင် သင်္ကေတ ပြုထားကြပါတယ်။

၁- ဒီပင်္ကရာ မြတ်စွာဘုရားက သုမေဓာ အမျိုးကောင်းသားကို လေးသင်္ချေ ကမ္ဘာတသိန်းထက်မှာ ဂေါတမ ဗုဒ္ဓနာမည်နဲ့ ဘုရားဖြစ်လိမ့်မယ်လို့ မိန့်ကြားခဲ့တာလဲ ဒီကဆုန်လပြည့်နေ့ပါပဲ။

၂- မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့် ဘီစီ ၆၂၃ မှာ မွေးဖွားခဲ့ပါတယ်။

၃- မြတ်စွာဘုရားရှင်ဟာ မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ (ဘီစီ ၅၈၈ )မှာ ဘုရားအဖြစ်ကိုရောက်တော်မူပါတယ်။

၎- မဟာသက္ကရာဇ် ၁၀၄ ကဆုန်လပြည့် ဘီစီ ၅၈၇ မှာ ဗုဒ္ဓ၀င်အကျဉ်းကိုဟောတော်မူပါတယ်

၅= မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အဂါင်္နေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် ၀င်စံတော်မူပါတယ်။
ဘုရားအဖြစ်နဲ့ ၄၅ ၀ါ သီတင်းသုံးတော်မူခဲ့တယ်။ အဲဒီ ၄၅ နှစ်အတွင်းမှာ တရားဟောခြင်း သံဃာ့အဖွဲ့အစည်း ထူထောင်ခြင်း နှင့် လူနတ်ဗြဟ္မာ သတ္တ၀ါတို့ရဲ့အကျိုးတရားကို နေ့မနားညမအား ကြိုးစားဆောင်ရွက်တော်မူခဲ့ပါတယ်။

ဝန်ခံချက်။ အရှင်ကုသလသာမိ၏ ဘာသာပြန်ဆောင်းပါးကို ကိုးကားဖော်ပြသည်။

Wednesday, May 6, 2009

တရားတော်နာ ကြွရောက်ပါ


တရားချစ်ခင် သူတော်စင်တို့ တရားနာ ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

Wednesday, April 29, 2009

အကြင်နာ နှလုံးသားတို့ ဖူးပွင့်ရာ…….





ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ သီရိလင်္ကာပြည်တွင်းစစ်ရဲ့ ရိုက်ခတ်မှုက အပြစ်မဲ့ ပြည်သူတွေ အမြောက်အများ စစ်ဘေး စစ်ဒဏ်ကိုခံစားကြရပါတယ်။ လောလောဆယ် စစ်ပွဲကို အရှိန်မြှင့်နေချိန်မို့ ပြည်သူများ အထူးသဖြင့် စစ်မြေပြင်နဲ့နီးရာ တမီးလ်ပြည်သူများ ဒုက္ခရောက်ကြရပါတယ်။ ဒီလို ဒုက္ခရောက်ပြည်သူတွေကို တတ်နိုင်သလောက်ကူညီနိုင်ဖို့ သီရိလင်္ကာနိုင်ငံ ပါလီမန်အမတ်ဘုန်းတော်ကြီးများ ဦးဆောင်ပြီး မြန်မာစာသင်သားရဟန်းတော်များက မြို့တွင်းလှည့်လည်ကာ ဆွမ်းဆန်စိမ်းခံထွက်ခဲ့ကြပါတယ်.

လမ်းဘေးဝဲယာတလျှောက် ဈေးတွင်းတလျှောက်ပြည်သူများက အ၀တ်အထည် အစားအသောက်များ လောင်းလှူခဲ့ကြတယ်။ ဒါတွေကို ဒုက္ခခံစားနေရတဲ့ ပြည်သူတွေထံ ပေးပို့လှူဒါန်းပြီး မိမိတို့ မနောကံမေတ္တာတွေကို လက်တွေ့ပြောင်းလဲကာ ကာယကံမေတ္တာအဖြစ် ဖော်ထုတ်နိုင်ခဲ့ပါတယ်။

မိမိတို့အကြင်နာ နှလုံးသားတွေကို ပြခွင့်ကြုံလို့ တကယ့်ကိုဝမ်းသာရပါတယ်။ ဒုက္ခရောက်နေသူတွေကို တတ်နိုင်သလောက် ကူညီခြင်းဟာ ဗုဒ္ဓအလိုကျ ပြုမူခြင်းလို့လဲ ဆိုနိုင်ပါတယ်. တကယ်တော့ အကြင်နာ နှလုံးသားတို့ ဖူးပွင့်ရာ ဒီမြေ.... အကြင်နာနှလုံးသားတို့ဖူးပွင့်ရာ ဒီအချိန်.....ဟာ လောကအတွက် တကယ့်ကို မြတ်နိုးစရာတွေပါ။ အကြင်နာ နှလုံးသားတွေကို လိုအပ်တဲ့နေရာ ပုဂ္ဂိုလ်များ ဆီ ဆက်လက် ဖြန့်ဝေကြပါစို့။

Thursday, January 22, 2009

Intensive English Course in Kandy


ကန္ဒီမြို့ ရှုခင်း

သီရိလင်္ကာနိုင်ငံရဲ့ ဒုတိယမြို့တော် ကန္ဒီမြို့မှာ အမေရိကန် ဆရာများ သင်ကြားပေးတဲ့ Intensive English Course ကို ၁၂-၀၁-၂၀၀၉ ကနေ ၂၁-၀၁၀၂၀၀၉ ထိ တက်ရောက် သင်ယူခဲ့ကြပါတယ်၊ စိတ်ဝင်စားစရာတွေ ပြည့်နေတဲ့ ဒီသင်တန်းလေးမှာ ဆိုက်ဘေးရီးယား တရုတ် ဘုန်းတော်ကြီးများ အပါအ၀င် မြန်မာ သံဃာတော် ၂၇ ပါး တက်ရောက်ခဲ့ကြတယ်၊

ထူးခြားတာက ဒီသင်တန်းမှာ ပို့ချတဲ့ ဆရာတွေက ဗုဒ္ဓဘာသာ အဖြစ်ပြောင်းလာကြတာ မကြာသေးပါဘူး၊ သင်တန်းမှာ အဓိက သင်ကြားပေးတဲ့ မစ္စတာကင်နဲ့ မစ္စ် ၀ိသာခါတို့ဟာ ဘာသာရေးအမျိုးမျိုးကို လေ့လာခဲ့ကြပြီး နောက်ဆုံးမှာ ဗုဒ္ဓဘာသာကို ကူးပြောင်းလာကြတာပါ၊ သံဃာတော်တွေကို သူတို့ရဲ့သား အရင်းတွေလို တကယ့်ကို ဂရုတစိုက်နဲ့ နာရီ ၅၀ တိတိ ပညာဒါနပြုခဲ့ပါတယ်၊

မစ္စတာ ဒမ်ကတော့ ခုမှ ဗုဒ္ဓဘာသာကို ကူးပြောင်းဖို့ ကြိုးစားနေသူဖြစ်ပါတယ်၊ သီရိလင်္ကာနိုင်ငံသူ မစ္စ် လလိတာကတော့ အင်္ဂလန်နိုင်ငံမှာ ကျောင်းတက်ခဲ့ပြီး ပေတာဒနိယ တက္ကသိုလ်မှာ ပါမောက္ခတာဝန်ကို ထမ်းဆောင်နေသူဖြစ်ပါတယ်၊ မစ္စတာ ရာ့ဂ်ျကတော့ သီရိလင်္ကာမှာ မွေးဖွားပြီး ကနေဒါနိုင်ငံမှာ ကြီးပြင်းသူဖြစ်ပါတယ်၊ ဗုဒ္ဓဘာသာရဲ့ ငြိမ်းအေးမှုကို ဥာဏ်နဲ့ ရှာဖွေဖို့ သီရိလင်္ကာကို ပြန်ရောက်လာတာ မကြာသေးပါဘူး၊ မစ္စတာလားကတော့ လူငယ်ပီပီ မြန်မာရဟန်းတော်တွေကို တက်တက်ကြွကြွ ပညာဒါနပြုခဲ့ပါတယ်၊

၂၁=၀၁=၂၀၀၉ နေ့ ညနေ လေးနာရီမှာ Intensive English Course ပိတ်ပွဲအခမ်းအနား ပြုလုပ်ပြီး အောင်လက်မှတ်တွေ ပေးအပ်ခဲ့ပါတယ်၊ တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့ သင်တန်းလေး ဖြစ်ခဲ့ပါတယ်၊သင်တန်းအသွား အပြန်တွေမှာ မြန်မာ့ဂုဏ်သိက္ခာ သာသနာ့ ဂုဏ်သိက္ခာကို ဆောင်တဲ့အနေနဲ့ သင်တန်းကို သွားတဲ့အခါ သင်္ကန်းရုံပြီး သွားကြ ပြန်ကြပါတယ်၊ မြင်ရသူတွေအဖို့ တကယ့်ကို ကြည်နူးစရာ မြင်ကွင်းတခု ဖြစ်ခဲ့ပါတယ်၊ သင်တန်းနဲ့ မိမိတို့ တည်းခိုတဲ့နေရာနဲ့ မိနစ် ၃၀ လမ်းလျှောက်ပြီး သွားကြရပါတယ်၊ ပညာလည်းရ မြန်မာ့သာသနာကို ဖြန့်ဖြူးရာလဲ ရောက်ခဲ့တဲ့ ဒီသင်တန်းလေးဟာ အတိုင်းအတာ တခုထိ မိမိတို့ကို အမှတ်တရ ရှိနေစေမှာဖြစ်ပါတယ်၊

သင်တန်းပို့ချ ပညာဒါနပြုကြသည့် ဆရာ ဆရာမများ


သင်တန်းပို့ချ ပညာဒါနပြုကြသည့် ဆရာ ဆရာမများ

Monday, October 6, 2008

ဆေးရုံပေါ်မှာ ပြေးလွှားခဲ့ရတဲ့နေ့

သူငယ်ချင်းတပါး ပျံလွန်တော်မူလို့ သူ့အတွက်ရည်စူးပြီး ဆွမ်းကပ်ဖို့ပြင်ဆင်နေခဲ့ကြတယ်။ အဲဒီနေ့မှာဘဲ သူငယ်ချင်းတပါးက မြန်မာပြည်ကိုပြန်မယ်ဆိုပြီး ကိုလံဘို စံတော်ချိန် ၁၁ နာရီမှာ လေဆိပ်ကိုဆင်းသွားခဲ့တယ်၊ ၁၅ မိနစ်လောက်အကြာမှာတော့ စောစောက လေဆိပ်ဆင်းတဲ့အဖွဲ့ ကားအက်စီးဒင့်ဖြစ်ကြောင်း ဖုန်းသတင်းက ၀င်လာလို့ စားနေတဲ့နေ့ဆွမ်းပြီးအောင် မစားနိုင်တော့ဘဲ အပြေးအလွှား ဆေးရုံကိုလိုက်သွားကြတယ်။

ကားအက်စီးဒင့်ဖြစ်တဲ့နေရာနဲ့နီးတဲ့ ဆေးရုံကိုရောက်သွားတော့ ဒီမှာကုလို့မဖြစ်နိုင်လို့ အခြားဆေးရုံကိုပြောင်းလိုက်ပြီဖြစ်ကြောင်းသိရလို့ အဲဒီဆေးရုံကို လိုက်သွားကြရပြန်တယ် မိမိတို့နေတဲ့ကျောင်းနဲ့ ဆေးရုံက ကားတနာရီ ခွဲလောက်မောင်းမှ ရောက်တာပါ၊ အဲဒီဆေးရုံရောက်ပြန်တော့ အပြင်းအထန်ဒဏ်ရာရတဲ့သူတွေကို နောက်ထပ်ဆေးရုံပြောင်းလိုက်ရတယ်ဆိုတာ သိရပြန်တော့ နောက်ဆေးရုံတရုံကို အပြေးလိုက်ကြရပြန်ပါတယ်၊

ဒဏ်ရာရတဲ့သူတွေက ၆ ပါးဖြစ်နေလို့ ဓာတ်မှန်ရိုက်တဲ့သူတွေက ရိုက် ပတ်တီးစီးတဲ့သူတွေကစီး သွားထိခိုက်တဲ့လူနာတွေကို သွားဆေးခန်းပြနဲ့ပေါ့ အဲဒီ နာဝါလောကဆိုတဲ့ဆေးရုံက ၈ ထပ်ရှိတော့ အထက်တက်လိုက် အောက်ဆင်းလိုက် သူနာပြုတွေအော်တာနားထောင်လိုက်နဲ့ တနေကုန်ဆေးရုံပေါ်မှာ ပြေးလွှားနေခဲ့ရပါတယ်၊ လူဆိုတာ ကိုယ့်ဟာကိုယ် မသေတော့မယ်လူတွေလိုနေတတ်ကြတာပါ စာရေးသူအပါအ၀င်ပေါ့။ ဒါပေမယ့် သေချင်းတရားက ဘယ်နေ့ဘယ်ရက်လို့ ချိန်းချက်ထားတာ မရှိတော့ အချိန်မရွေး မိမိတို့ဆီ ရောက်လာနိုင်ပါတယ်၊ မျှော်လင့်မထားတာတွေဖြစ်တတ်သလို ကိုယ်မျှော်လင့်ထားတာတွေဟာလဲ ဖြစ်မလာတတ်တဲ့လောကမှာ အသက်ရှင်နေစဉ်ကာလလေးတွေမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေရမှာပါ ၊

ဘာဘဲဖြစ်ဖြစ် အဲဒီဆေးရုံးပေါ်တွေမှာ ပြေးလွှားခဲ့ရတဲ့ ၅-၁၀-၂၀၀၈ တနင်္ဂနွေ နေ့ကတော့ မိမိအတွက် တကယ့်ကို အမှတ်တရပါ။

Sunday, August 17, 2008

သီတဂူဆရာတော်၏ နာဂစ်ကူညီရေး အတွက် လှူဒါန်းမည့်အစီအစဉ်



သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်လျက် နာဂစ်ကူညီရေး သီတဂူသသနာပြုအဖွဲ့ မှစီစဉ်ထားသည့် ဘိုကလေး၊ ကျိုက်လတ်၊ ဖျားပုံ၊ လပွတ္တာဒေသ များတွင်တည်ဆောက်မည့် ဘုန်းတော်ကြီးသင်မူတန်းကျောင်းပုံစံငယ် များဖြစ်သည်။ မည်သူမဆို မိမိတို့ စေတနာ ရှိသည့် အလျောက် ထည့်ဝင်လှူဒါန်း နိုင်ပါသည်။

Wednesday, August 6, 2008

အသိပေးနှိုးဆော်လွှာ



ယောနယ်ဇာတိဘွား ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်:မြို့နယ် ကျောက်ဂူတောရ ဆရာတော် ဦးဣန္ဒ္ဒ္ဒ္ဒာစရိယ မှဂန့်ဂေါနယ် ကန်ရွာအနီး မြစ်သာမြစ် အနောက်ဘက် ကလေး - ဂန့်ဂေါ ကားလမ်း အနီးတွင် ရေ ကြည်စမ်းတောရ ဓမ္မရိပ်သာ နှင့် ဘိုးဘွားရိပ်သာ တည်ဆောက်နေကြောင်း ချမ်းငြိမ်းသူ(စင်္ကာပူမှ) အသိပေးလျှောက်ထား လာပါသည် သို့ဖြစ်ပါ၍ သာသနာပြု ကုသိုလ်အလှူအဖြစ် နည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း နှိုးဆော်အပ်ပါသည။်

မခင်မာအေး (ဂန့်ဂေါ) ဖုန်း-၀၆၂၅၀၂၅၀
မခင်စန်းလွင် (ရန်ကုန်) ဖုန်း-၀၉၅၀၃၂၇၂၃
ကိုမြတ်ခင် ( စင်္ကာပူယောအသင်း ) ဖုန်း ၉၀၆၆၉၅၈၇
ချမ်းငြိမ်းသူ (စင်္ကာပူ) ဖုန်း- ၉၁၁၅၃၅၇၇ တို့ သို့  လှူဒါန်းနိုင်ပါသည်

Thursday, July 3, 2008

INVITATION

Dear all,

All of you are warmly invited to join to celebration of waso robe which will be held on (13.7.2008-Sunday) in Shwedagon Society(Dat Taw) Temple(Teo Kim Eng Road- near Eunos Mansion) by Yaw comunity. It will be serve with Myanmar traditional foods after celebration. You are warmly needed to come early in order to prepare decorations and foods.

your sincerely....

Yaw comunity (Singapore)