Wednesday, January 14, 2009

မလေးရှားရောက် ယောအသင်း ဆွမ်းအလှူဒါန ပြုမည်


မလေးရှားရောက် ယောအသင်းမှ ဇန်န၀ါရီလ ၂၆ရက် ၂၀၀၉-တွင် ကျရောက်လာမည့် တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ ရတနာရာမ ဘုန်းတော်ကြီး ကျောင်းတွင် သဒ္ဓါ သီလ စာဂ ပညာ တူညီစွာဖြင့် ဆွမ်းဆက်ကပ် လှူဒါန်းကြမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မလေးရှားရောက် ယောအသင်းသူ အသင်းသားအားလုံး စုံစုံညီညီ တက်ရောက်ပါဝင် ကုသိုလ်ယူ ကြပါရန်နှင့် မည်သူမဆိုလာရောက် ကုသိုလ်ယူ တရားနာလာနိုင်ပါကြောင်း အသိပေးဖိတ်ခေါ်လိုက်ပါသည်။


No comments:

Post a Comment