


၂၇-၁၁-၂၀၀၉ သောကြာနေ့ Lotus Foundation အဖွဲ့၏ ရဟန်းခံအလှူမင်္ဂလာ အခန်းကို စင်္ကာပူနိုင်ငံ တိုပါရိုး မြန်မာဘုန်းတော်ကြီးကျောင်းတွင် စည်ကားစွာ စိတ်တူ ကိုယ်တူကျင်းပခဲ့ကြသည်၊ အခမ်းအနားအစီအစဉ်အဖြစ် ရဟန်းလောင်း ကိုမျိုး(ဩစတေးလျ-Dhammaramsi.net) အား မြင့်မြတ်သော ရဟန်းအဖြစ်သို့ သွတ်သွင်းပေးကြပြီး အရှင်တိက္ခဥာဏာလင်္ကာရ အား ပုနောပသမ္ပဒ သိက္ခာထပ်မင်္ဂလာ ပြုလုပ်ကြကာ ကြွရောက်လာကြသည့် သံဃာတော်များအား လှူဘွယ်ဝတ္ထုနှင့် န၀ကမ္မများ ဆက်ကပ်လှူဒါန်းကြသည်။ သံဃာတော်များကလည်း ပရိတ်တရားများ ချီးမြှောက်ရွတ်ဖတ် ပေးတော်မူသည်။
အခမ်းအနားအပြီး Lotus Foundation အဖွဲ့ဝင်များ စုပေါင်းကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
စိတ်တူ ကိုယ်တူပြုလုပ်ခဲ့သည့် ကုသိုလ်ပွဲ အောင်မြင်ခြင်းအတွက် ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်စေရန် ကုသိုလ်အမျှ ပေးဝေအပ်ပါသည်။
Lotus Foundation အဖွဲ့၏ လောက ဘာသာ သာသနာအတွက်ဆောင်ရွက်ချက်များကိုhttp://www.lotusfoundationmm.orgတွင် လေ့လာဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment