ပိန္နဲသီးမှည့်တို့သည် ပြင်ပ၌ ဆူးများစွာ ရှိသော်လည်း အတွင်းအရသာကား ချိုမြိန်လှပေ၏ ၊
သူတော်ကောင်းတို့၏ စိတ်နှလုံးသည်လည်း ထို့အတူပင်ဖြစ်၏ ။
စန္ဒကူးပင်သည် သွေ့ခြောက်သွားသည့်တိုင် မွှေးရနံ့ကို မစွန့် ။
ဆင်ပြောင်သည် စစ်မြေပြင်သို့ ရောက်သော်လည်း ခန့်ထည်တင့်တယ်ခြင်းကို မစွန့်။
ကြံသည် ကြိတ်စက်သို့ရောက်သော်လည်း ချိုသော အရသာကို မစွန့် ။
ပညာရှိ သူတော်ကောင်းသည် ဘေးဒုက္ခဆင်းရဲသို့ ကျရောက်ငြားသော်လည်း သူတော်ကောင်းတရားကို မစွန့်။
လောကနီတိ
Monday, September 22, 2008
သူတော်ကောင်းတို့ နှလုံးသား
Labels:
ဩ၀ါဒ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment