Saturday, January 3, 2009

လွတ်လပ် -ကျေးဇူး

04.01.2009



ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူးကို ကျေးဇူးသိမှု ကတညုတည်း ၊
ထိုသူ့ထက်ပင် ကျေးဇူးအင်ကို ထင်ထင်မချွတ် ပြောဆိုတတ်က
ကတဝေဒီ ဟူတုံပြီရှင့်။

စာဆိုအကျော် မန်လည်ဆရာတော်ကြီး မဃဒေ၀လင်္ကာမှာ ဖော်ပြထားတဲ့ လင်္ကာလေးပါ၊ ၃၈ ဖြာ မင်္ဂလာထဲက ကတညုတ ကတဝေဒိတာ မင်္ဂလာကို ဖွဲ့ဆိုထားတာပါ၊ ဘုရားရှင်ကိုယ်တော်တိုင် ဟောထားတဲ့ ဒီမင်္ဂလာတရားတော်မှာ ကျေးဇူးရှင်ရဲ့ ကျေးဇူးကို ကိုယ်က သိတတ်ရင် ကတညုတ မင်္ဂလာလို့ ခေါ်ဆိုပြီး သိပြီးတဲ့ ကျေးဇူးကို သိတဲ့အတိုင်း ပြောပြတတ် ပြန်လည်ကျေးဇူးဆပ်တတ်တာကို ကတဝေဒိတာ မင်္ဂလာလို့ ခေါ်ဆိုကြောင်း ဟောပြတော်မူပါတယ်၊

ဗုဒ္ဓဘာသာ ၀င်တွေက မင်္ဂလာတရားတော်နဲ့ အညီပြုမူနေထိုင်ရင် ဘ၀အောင်မြင်တိုးတက်မှု ရှိ မယ်လို့ ယုံကြည်လက်ခံထားတာပါ၊
အမှောင်ထဲရောက်နေမှ အလင်းရဲ့တန်းဖိုးကို တမ်းတမိသလို လွပ်လပ်မှုရဲ့ တန်ဖိုးကို မလွတ်လပ်တဲ့ အချိန်ရောက်မှ သိကြရတာပါ၊ အမိမြန်မာပြည်ဟာ နှစ်များစွာ လွတ်လပ်မှုရဲ့ တန်ဖိုးတွေ နှစ်များစွာ ဆုံးရှုံးခဲ့ရတာပါ၊ ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ လွတ်လပ်ရေး ဗိသုကာ ကျေးဇူးကြောင့် မြန်မာပြည်သူ ပြည်သားတွေ လွတ်လပ်မှုကို ရရှိခဲ့တာဖြစ်ပါတယ်၊

ဒီလိုဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဟာ အမိမြန်မာပြည်ရဲ့ ကျေးဇူးရှင်အစစ်၊ အဲဒီကျေးဇူးရှင်ရဲ့ ကျေးဇူးကို မြန်မာမှန်ရင် သိတတ်ရပါမယ် သိပြီးရင် ပြန်လည်ပေးဆပ်ကြရမှာပါ၊ ဒါဟာ ဘုရားရှင်ဟောကြားတဲ့ မင်္ဂလာတရားတော်နဲ့အညီ ပြုမှုနေထိုင်ခြင်း ဖြစ်လို့ သေချာပေါက် ဘ၀တိုးတက်မှုကို ရရှိမှာဖြစ်ပါတယ်၊

လွတ်လပ်ခြင်းရဲ့ ကျေးဇူးကို နားလည်ရင် လွတ်လပ်ရေး ဗိသုကာ လွတ်လပ်ရေး ဖခင်ကြီးဟာ မြန်မာပြည်သူတွေရဲ့ ကျေးဇူးရှင် အစစ်တယောက်ဖြစ်တယ်ဆိုတာ နားလည်ကြရပါလိမ့်မယ်၊

0 comments: