ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ အနည်းနဲ့ အများ မတူခြားနာပေမယ့် သက္ကရာဇ် ကိုယ်ပိုင်ရှိတဲ့ လူမျိုးတိုင်းကတော့ ကိုယ့်ရဲ့နှစ်သစ်ကူးနေ့ကို တန်ဖိုးထားမြတ်နိုးကြပါတယ်၊ ဒီနေ့ဟာ မြန်မာအမျိုးသားတို့အတွက် မြန်မာကောဇာသက္ကရာဇ် ၁၃၇၀ ခုနှစ်ကနေ ၁၃၇၁ ခုနှစ်ကို ပြောင်းရွှေ့ တဲ့ နေ့ရက် သို့မဟုတ် နှစ်ဆန်းတရက်နေ့ပဲဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံရဲ့ နှစ်သစ်ကူးနေ့ဟာ နက္ခတ် ဗေဒင်ဆရာများရဲ့အလိုအရ ပြောင်းရွှေ့ ကြသလို မြန်မာနှစ်သစ်ကူးဟာလဲ နက္ခတ် ဗေဒင်ဆရာများရဲ့ အလိုအတိုင်းပြောင်းရွှေ့ကြတာတွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်္ကေတအောက်မှာ လျှောက်လှမ်းကြသူများအဖို့ မိမိတို့ရဲ့ ကိုယ်ပိုင်နှစ်သစ်ကူးနေ့မှသည် တနှစ်လုံးအတွက် အကောင်းဆုံးဖြစ်အောင် ပြုပြင်ဖန်တီးကြိုးစားကြမယ်ဆိုတဲ့စိတ်ကလေးတွေကတော့ အရမ်းကိုချစ်မြတ်နိုးစရာ ကောင်းလှပါတယ်။ စာရေးသူအနေနဲ့လည်း ဗုဒ္ဓရဲ့ နှစ်သစ်ကူးမေတ္တာလက်ဆောင်ကို အားလုံးအတွက် ဖြန့်ဝေလိုက်ပါတယ် ။
ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ - ဆင်းရဲခမ်းသိမ်း ငြိမ်းကြပါစေ ။
ဘယပ္ပတ္တာ စ နိဗ္ဘယာ - ကြောက်ရွံခြင်းကင်းကြပါစေ ။
သောကပ္ပတ္တာ စ နိေဿာကာ - စိုးရိမ်ခြင်း ပူဆွေးခြင်းကင်းကြပါစေ၊
လို့သာ နှစ်သစ်လက်ဆောင်အဖြစ် နှုတ်ဆက်ဖြန့်ဝေ ပရစေလား။
Thursday, April 16, 2009
မြန်မာ နှစ်သစ်ကူး
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment