Friday, November 27, 2009

ဖြူးဆရာတော်ကြီးအား ရည်စူး၍ ကောင်းမှုကုသိုလ်ပြု




27-11-2009 သောကြာနေ့ စင်္ကာပူနိုင်ငံ ဓာတ်တော်ကျောင်းတိုက်တွင် ကျေးဇူးတော်ရှင် နိုင်ငံကျော်နယ်လှည့် ဓမ္မကထိက ဖြူးဆရာတော်ကြီးအား ရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များအား ဆွမ်းသင်္ကန်း န၀ကမ္မ၀တ္ထု လှူဒါန်းခဲ့သလို ဆရာတော်ကြီး၏ တပည့် ဒေါက်တာ ဥတ္တမသီရိမှ သာသနာတော်အတွက် ဆရာတော်ကြီးဆောင်ရွက်ခဲ့ပုံများကို ဂုဏ်ရည်တမ်းတ ပြောပြခဲ့ပါတယ်။ ၎င်းနောက်အရှင်တိက္ခဥာဏာလင်္ကာရမှ ရေစက်သွန်းချကာ တပည့်ဒကာ ဒကာမများကကျေးဇူးရှင်ဖြူးဆရာတော်ကြီးအား ကောင်းမှုအစုစုအတွက် အမျှအတမ်းပေးဝေခဲ့ကြပါတယ်။

1 comments:

ဇွန်မ said...

တပည့်တော်မ မိသားတစ်စု ပြုပြုခဲ့သမျှသော ဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတို့ ကိုရည်စူးပြီး ဖြူးဆရာတော် ဘုရားကြီးအတွက် အမျှပေးဝေပါတယ် ဘုရား သာဓု သာဓု သာဓု ပါဘုရား။