Tuesday, November 24, 2009

ကျေးဇူးတော်ရှင် ဖြူးဆရာတော်ကြီးအား ရည်စူး၍ ကောင်းမှုကုသိုလ်ပြုလုပ်မည်






၂၄-၁၁-၂၀၀၉ အင်္ဂါနေ့ နံနက် (၆)နာရီအချိန် မြန်မာနိုင်ငံ အာရှတော်ဝင်ဆေးကုခန်းတွင် ဘ၀နတ်ထံပျံလွန်တော်မူသော ကျေးဇူးတော်ရှင် နိုင်ငံကျော် ဓမ္မကထိက ဖြူးဆရာတော်ကြီးအား ရည်စူး၍ ဆရာတော်ကြီး၏ တပည့်ဒေါက်တာ ဥတ္တမသီရိ ဦးဆောင်မှုဖြင့် ဆရာတော်ကြီး၏တပည့်သာဝကများ ဓမ္မကျေးဇူးတင်ရှိဖူးသူများ စုပေါင်းကာ စင်္ကာပူနိုင်ငံ ဓာတ်တော်ကျောင်းတိုက်တွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရေစက်ချ အမျှအတန်းပေးဝေ ကုသိုလ်ပြုမည် ဖြစ်ပါ၍ ဆရာတော်ကြိး၏ တပည့် ဒါယကာ ဒါယိကာမများနှင့် ဓမ္မကျေးဇူးရှိသူများ မည်သည်မဆို ကြွရောက်ကုသိုလ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

စပွန်ဆာ အလှူရှင်- ကိုရဲထွဋ်+မအေးသီတာ နှင့် ဆရာတော်ကြီး၏ တပည့် ဒကာ ဒကာမများ

နေ့ရက်- ၂၇-၁၁-၂၀၀၉၊ သောကြာနေ့
အချိန်- နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ
နေရာ- ဓာတ်တော်ကျောင်းတိုက်
Lorong 4- Geylang- No-59
Near Kallang MRT
ဆက်သွယ်ရန်- +၆၅ ၈၃၁ ၉၈၀ ၄၂
ကလန်း MRT မှ ဘတ်စ်ကား ၃၂ ကိုစီးလာလျှင် နှစ်မှတ်တိုင်မြောက်တွင် ဆင်းရပါမည်။

0 comments: