Tuesday, February 16, 2010

အင်း…ဒါလေးတော့ဖြင့် သိစေချင်

အရေးကြုံလာရင် တာဝန်ယူရဲတဲ့ သတ္တိအားနည်းကြပါတယ်၊ စာရေးသူလဲ အပါအ၀င်ပါ၊ ၁၄-၀၂-၂၀၁၀ တနင်္ဂနွေနေ့ညက.. ကိုအောင်ဦး ကိုအလှတရားတို့ ဦးဆောင်ပြီး အရှင်ဥတ္တမသာရ(ဆူနာမီ)ရဲ့ ဟောတရားတွေနဲ့ ပတ်သက်ပြီး သိလိုတာတွေ အမြင်ရှင်းအောင် အွန်လိုင်းဆွေးနွေးပွဲ လုပ်ဖြစ်ကြတယ်၊ အရှင်ဘုရားလဲ တက်ရောက် နားထောင်ပေးပါဆိုလို့ နားထောင်ဖြစ်တယ်၊

သူငယ်ချင်း ငါးပါးလောက်လဲ ဘေးနားမှာ နားထောင်နေခဲ့တယ်၊ တစ်ပါးကတော့ သူ့အမြင်ကို ဆွေးနွေးတယ်.. ခွေးဟောင်တိုင်း ထမကြည့်နိုင်ဘူး-တဲ့၊
ဒါနဲ့ပြန်မေးရတယ်. တစ်ကောင်ထဲ ဆိုရင်တော့ ကိစ္စမရှိဘူး အုံလိုက် ကျင်းလိုက် အရှင်ဘုရားကျောင်းဘေးမှာ ဟောင်နေရင် ဘယ်လိုလုပ်မလဲ လို့…ဒီလိုမေးတော့ သူက ပြုံးနေတယ်၊

တချို့ကိစ္စတွေမှာ ခွေးဟောင်တဲ့ စကားပုံက အံဝင်ဂွင်ကျ မဖြစ်လှဘူး၊ ဟောင်တဲ့ခွေးကို လုံးဝမလာအောင် ရှင်းပစ်ရဲ တာဝန်ယူဖြေရှင်းရဲတဲ့ သူလဲရှိအုံးမှ…

တချို့ကတော့ အေးအေးဆေးဆေး ကိုယ့်ဟာကိုယ်နေချင်သတဲ့.. ဘယ်သူတွေက ဒုက္ခတွေ ခါးစည်းပြီးနေချင်ပါ့မလဲ..လုပ်သင့်တဲ့အလုပ်ကို လုပ်ကြရမှာပဲ မဟုတ်လား၊ အေးအေးဆေးဆေး
နေမှ သာသနာပြုရာ ရောက်ပါသည်ဆိုရင်တော့ …. အင်း ဒါလဲ စဉ်းစားစရာပါ။

ကိုယ့်အသက် ကိုယ့်စည်းစိမ် ကိုယ်နေရာ ကိုယ့်ဆွေမျိုးတွေ မထိသေးသမျှတော့ ငြိမ်နေနိုင်မည်ပ၊ ဒါတွေ ဒါတွေထိပါးလာရင်တော့ တုဏှီဘာဝေ မြတ်နိုးမှုကို စွန့်လွှတ်တော့တာပါ။ ပတောဒသုတ္တန်မှာ ဘုရားရှင်ဟောပြတဲ့ ကိုယ့်ရိုးတွင်းခြင်ဆီအထိ ကြာပွတ်တံ(သံချွန်နဲ့လုပ်ထားတဲ့တုတ်)နဲ့ အထိုးခံရတဲ့ မြင်းကြီးလိုပါ့။

ကျိုး ကြောင်းပြ ဝေဖန်ပြန်တော့ အချင်းချင်း နှိပ်ကွက်တယ်လို့ ထင်ပြန်ရော.. ဟုတ်ပါတယ်. အသားလွတ် ဝေဖန် ပုတ်ခတ်နေတယ်ဆိုရင်တော့ ဆိုချင်သလို ဆိုကြပါ့.. အကျိုး အကြောင်းပြ ဝေဖန်မှုကိုတော့ ဘ၀တက်လမ်းအဖြစ် သဘောထားသင့်တယ် မဟုတ်လား၊ သာသနာကိုချစ်တယ် သာသနာနှစ် ငါးထောင် တည်ပါစေ ဆိုတာ ပါးစပ်ကဆိုနေရုံနဲ့ ဖြစ်တာမှ မဟုတ်တာ၊

တချို့ကလဲ သူတစ်ပါးအပြစ်ကို ကြည့်တဲ့သူမှာ အာသဝေါတရားတွေ တိုးပွားတယ်ဆိုတဲ့ ဒေသနာကို ကိုင်ပြီး တုဏှီဘာဝ ဖြစ်သွားကြပြန်တယ်။ မိဘဆရာတွေက သားသမီး တပည့်တွေရဲ့ အပြစ်ကိုကြည့်ပြီး ဆုံးမတာကိုရော အာသဝေါ တရားတိုးပွားတယ်လို့ ဆိုနိုင်ပါမည်လား၊( တရားဆိုတာ တစ်ခုတည်းကြည့်ရုံနဲ့ အမှန်ကို ရရှိပါရိုးလား)

ဝဇ္ဇီရဟန်းတွေ သိက္ခာပုဒ်ပြင်ဆင်တာကို ဒီအတိုင်းကြည့်နေခဲ့ရင် ဒီသာသနာ ဒီနေ့တွေ့စရာ အကြောင်းမရှိဘူး၊ သာသနာမြတ်နိုးတဲ့ မထေရ်မြတ်တွေရဲ့ ဝေဖန်တိုက်မှုကြောင့် ဒီနေ့ ဗုဒ္ဓသာသနာ ဆိုတာကို တွေ့နေနိုင်တာ မဟုတ်လား၊

အင်း.. အခုလဲ တစခန်းထလာကြပြန်ပြီ၊ စာပေမလိုဘူး၊ ပညတ်တွေတဲ့၊ သူဟောတာကို ကျင့်မှ သူပြောတာကို သိနိုင်ပါမည်တဲ့၊ ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ်ရဲ့ အပြင်ဖက်က တရားသစ်တွေ ဖြစ်နေပါလားဗျို့. ဒီနေရာမှာသာ နားထောင်ကြည့်ကြပါတော့……www.dhammaratha.com

မှန်ရင် မှန်တယ် မှားရင် မှားတယ်လို့ ဖြေရှင်းကြ ဆိုတဲ့ ဖဘုရားရဲ့ စကားကို မြတ်နိုး လက်တွေ့ကျင့်သုံးကြတဲ့ ကိုအောင်ဦး ကိုအလှတရားနဲ့ သူငယ်ချင်းများကို လေးစားပါ၏၊ တကယ့်အရေားကြုံလာလျှင် အဆင့်အတန်းတွေ ၀တ်ရုံတွေကို အသာချွတ်ပြီး လုပ်သင့်တာတွေ ဆက်လုပ်ကြရအုံးမည်။

ဘုမသိ ဘမသိ ဝေဖန်နေတဲ့ ဘလော့မျိုးကို တုန့်ပြန်ဖို့အကြောင်းမရှိပေမယ့် ဘုသိသိ ဘသိသိကြီးလုပ်နေတဲ့ လုပ်ရပ်တွေကို ဓမ္မစည်းကမ်း ဓမ္မဥပဒေတွေနဲ့ ညှိပြီး အမှန်တရားပေါ်လာအောင် ဆက်လုပ်ကြရလိမ့်မယ်၊ ဒီဝေဖန်မှုတွေက ချစ်လွန်းလို့ ဝေဖန်တာပါ။

အများအတွက် သာသနာအတွက် တာဝန်ယူရဲ့သည့် သတ္တိရှင်များကိုလဲ ၀ိုင်းဝန်းဖေးမ သင့်သည်ပ၊ ငါတို့ ဆယ့်ငါးနှစ်ကျော်သင်ယူခဲ့တဲ့ ဓမ္မစာပေတွေ ဘယ်နေရာမှာ အသုံးချကြမှာလဲ ဆိုတဲ့အတွေးကလဲ ခေါင်းထဲကိုဆောင့်ဆောင့်ဝင်နေလေရဲ့.. ဒေါ်လာတွေအများကြီး အကုန်ခံသင်ယူနေတဲ့ အဆင့်မှီ ပညာရပ်တွေက ကော ဘာလဲ ဘယ်လဲပေါ့၊ ဥာဏ်မမှီသူတစ်ယောက်ရဲ့ အတွေးနုနုတွေပါ၊ ဥာဏ်မှီ ၀ါရင့် ပညာရှိတို့ ဖြေဆိုပေးတော်မူကြပါကုန်၊ အင်း.. ဒါလေးတွေကို သိစေချင်တာ၊ ဒါလေးတွေကို ငဲ့စေချင်တာကလွဲလို့……….

3 comments:

Vipassana Meditation said...

ဆရာတော်အရှင်သူမြတ်တို့ဘုရား-
ဆူနာမီဆရာတော်ရှင်းပြချက် တရား ၉ ပုဒ်ပါဘုရား။
အောက်ပါလင့်လေးမှာပါဘုရား။

http://www.mediafire.com/?sharekey=19aabee74b2877695a3d773badf21430859762455ffca24384bbec0582a7e90e

သေသေချာချာနားဆင်ပေးစေလိုပါတယ်ဘုရား..
ဆူနာမီဆရာတော်ဟာ ပညတ်များကို ပယ်ခိုင်းနေတာလား။ ဒါမှမဟုတ် ပညတ်များအပေါ် ငြိတွယ်နေသည့် သမုဒယသစ္စာ ဥပါဒါန်အစွဲများကို မှန်မှန်ကန်ကန် စွန့်လွှတ်နိုင်စေရန် (သို့) ၀ိပဿနာဥာဏ်များဖြစ်ပေါ်စေရန် guided နည်းလမ်းပေးနေတာလားဆိုတာ ကွဲကွဲပြားပြား သိရှိနိုင်ရန်အတွက် သေသေချာချာ နားဆင်ပေးစေလိုပါတယ်ဘုရား။
ဝေဖန်သူများသည် Guided meditation သဘောဆိုတာကိုလည်း သေသေချာချာ သဘောပေါက်ဖို့လိုပါတယ်ဘုရား။
Guided meditation သဘောကို မသိသဖြင့် ဆရာတော်မှ ယောဂီကိုယ်စား တရားကူထိုင်ပေးသည် ဟု အထင်မှားကြပါသည်ဘုရား။
တရားအားထုတ်မှုကို သေသေချာချာ လေ့လာထားသူများသာ guided meditation သဘောကို သိနားလည်နိုင်ပါသည်ဘုရား-ဥပမာ
မိုးကုတ်ဆရာတော်ကြီး၏ “နားက တရားနာနေစဉ် ခန္ဓာဥာဏ်လှည့်” ဆိုသော တရားနှလုံးသွင်းပုံ သင်ကြားပေးမှုများ၊
သဲအင်းဂူဆရာတော်ကြီး၏ “ရှုကွက်တရားများ”၊
ဆရာတော်ဦးဇောတိက မဟာမြိုင်တောရ၏ “ငြိမ်းချမ်းခြင်းတရာ;” guided meditation ခွေ နှင့်
အနောက်နိုင်ငံမှ Jack Konfield ၏ guided meditation များ သည် မိမိကိုယ်တိုင် တစ်ဦးတည်း တရားအားထုတ်ရန် အချိန် -နေရာ-အခက်အခဲရှိနေသူများ(သို့)ရိပ်သာသွားရန် အချိန်မပေးနိုင်သူများ(သို့)လူမမာများအတွက် တရားခွေကိုဖွင့်လျှက် တရားနှလုံးသွင်းရသော တရားအားထုတ်နည်း(သို့)တရားအားထုတ်ရာတွင် နှလုံးသွင်းမှန်ကန်စေရန် အလွန်မှန်ကန်ထိရောက်သော အကူအညီပေးမှုဖြစ်ပါသည်။ တစ်ခုခုကို စူးစိုက်ကာ တရားမှတ်နေသည်ဟုဆိုသော်လည်း တွေးချင်ရာတွေးနေကာ စိတ်ပျံ့လွင့်သူများအတွက် အလွန်ထိရောက်ကောင်းမွန်သော အကူအညီဖြစ်ပါသည်။ လက်တွေ့လုပ်ကြည့်သူများသာ အလွန်ကျေးဇူးများကြောင်းသိကြပါသည်။ သမထ တရားနည်း တစ်ခုခုကို သာ နားလည်ပြီး တရားနည်းတစ်ခုကို ဆုပ်ကိုင်လျှက် ထိုနည်းနှင့် မတူညီသော မိမိဥာဏ်မမီသော ၀ိပဿနာတရားနည်းများအတွက် ဝေဖန်နေမှုမှာ အပြုသဘောထက် ဓမ္မန္တရာယ်ကြီးသို့ ဦးတည်နေကြောင်း လေးစားစွာဖြင့် သတိပေးနှိုးဆော်အပ်ပါသည်။

ထို့ပြင် ပညတ် နှင့် ပရမတ် အခြင်းအရာများနှင့်ပတ်သက်၍လည်း ထဲထဲဝင်ဝင်လေ့လာဖို့ လိုအပ်ပါသဖြင့် မျှဝေအပ်အပ်ပါသည်။
ပညတ် နှင့် ပရမတ် အခြင်းအရာများနှင့်ပတ်သက်၍ သီဟိုဠ်မှ မေးခွန်းများအား လယ်တီဆရာတော်ကြီး၏ ရှင်းလင်းချက်ကို အောက်ပါ လင့်လေးတွင်ဖတ်ရှုနိုင်ပါသည်ဘုရား။

http://realenlightenment.multiply.com/journal/item/9/9


ရှိခိုးဦးခိုက်လျှက်
သစ္စာ

Unknown said...

www.trueanswer.multiply.com
မှ ကူးယူဖော်ပြအပ်ပါသည်။
ဆူနာမီ ဆရာတော် ကို စစ်ဆေးမေးမြန်းခဲ့ကြသောသူ ဆရာတော်များ နှင့် ပညာရှင်တချို့ အား လေးမြတ်စွာ ပန်ကြား လျှော်ထားအပ်ပါသည် .......ဆူနာမီဆရာတော်အား မေးမြန်းခဲ့ကြသောမေးခွန်းလေး များ နှင့် စပ်လျဉ်း၍ အများသူငါ အမှားအမှန် သံသယ ရှင်းလင်းစွာ သိရှိနိုင်ရေး မေးခွန်းပုစ္ဆာ( ၉ )အား မေတ္တာရှေ့ထားကာ ဖြေကြားပေးပါရန် လေးမြတ်စွာ ဖိတ်ကြား အပ်ပါသည် ဘုရား။


မေးခွန်းလေးတွေက အောက်ပါလင့်မှာပါဘုရား။

http://trueanswer.multiply.com/journal/item/5/5

Unknown said...

ဆူနာမီဆရာတော်နှင့် ပတ်သက်၍ အမှားအမှန်
သဲကွဲစေရန်

၁)
http://trueanswer.multiply.com/journal/item/4
၂)
http://trueanswer.multiply.com/journal/item/3