Tuesday, May 20, 2008

ကဆုန်လပြည့် (ဗုဒ္ဓနေ့) Vesak day နေ့တွင် မွေးဖွားလိုက်သည့် စင်္ကာပူရောက်ယောအသင်း

20. 05. 2008 ၁၃၇၀-ခု၊ ကဆုန်လပြည့် (19,5,2008) ဗုဒ္ဓနေ့တွင် စင်္ကာပူနိုင်ငံဓာတ်တော် ကျောင်းတိုက်၌ ယောအသင်း အစည်းအဝေးကို ညနေ (၄) နာရီ အချိန်တွင်ကျင်းပပြုလုပ်ခဲ့ သည်။ယင်းအစည်းအဝေး၌ -၆-လ တကြိမ် တွေ့ဆုံဆွေးနွေး ခြင်းဖြင့်စည်းလုံးညီညွတ်ချစ်ခင် ရင်းနှီးမှုရရှိစေရန်၊သာရေးနာရေး လူမှုရေးများကို ဝိုင်းဝန်း ကူညီဖြေရှင်း ပေးနိုင်ကြရန်၊ အခါအားလျော်စွာ ကုသိုလ်ကောင်းမှု ပြုလုပ်ရန် စသည့် ယောအသင်း၏ ရည်ရွယ်ချက်များကို အစည်းအဝေးတက်ရောက်လာသူအားလုံးက အတည်ပြုခဲ့ကြ သည်။ ယောအသင်းရေရှည် တည်တံ့ပြီး လုပ်ငန်းကိစ္စများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ယောအသင်း၏နာယကဆရာတော် အဖြစ်အရှင်တိက္ခဥာဏာလင်္ကာရ(သီရိလင်္ကာ)၊

အမှုဆောင်ကော်မတီဝင်များအဖြစ် -
၁။ဦးမြတ်ခင်(ဂန့်ဂေါ-ကန်သာ)
၂။ကိုကြည်ညွန့်ရှိန်(ဂန့်ဂေါ-ကျော)၊
၃။မမြင့်စိန်(ထီးလင်း)၊
၎။ကိုထွန်းလှိုင်(ကလေး)-တို့ကိုရွေးချယ်တင်မြှောက်ကြပြီးအစည်းအဝေးတက်ရောက်လာသူအားလုံးကယောအသင်း
ရန်ပုံငွေအဖြစ်စုပေါင်းပါဝင်လှူဒါန်းကြသည်။ထို့နောက်အသင်းသူ/သားအားလုံးလစဉ်ကြေးအဖြစ်စင်္ကာပူဒေါ်လာ(၁၀)
ထည့်ဝင်ကြရန်သဘောတူ ဆုံးဖြတ်ပြီးညနေ(၆)နာရီတွင် စင်္ကာပူရောက်ယောအသင်း အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

0 comments: