Showing posts with label အသင်းဆောင်ရွက်ချက်. Show all posts
Showing posts with label အသင်းဆောင်ရွက်ချက်. Show all posts

Friday, February 4, 2011

ယောအသင်း(မလေးရှား)ရဲ့ ဆွမ်းဆက်ကပ်လှူဒါန်းပွဲ

ယောအသင်း(မလေးရှား) အသင်းသူ အသင်းသားများ

ယောအသင်းဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်တော်မူကြသည့် သံဃာတော်များ

စင်္ကာပူရောက် ယောနယ်သူ ယောနယ်သားများစုပေါင်း၍ ယောအသင်း(စင်္ကာပူ)ကို ၂၀၀၈ ခုနှစ်က စတင်ဖွဲ့စည်းသကဲ့သို့ မလေးရှားနိုင်ငံရောက် ယောသူ ယောသားများကလည်း ၂၀၀၈ ခုနှစ်မှာပင် ယောအသင်း(မလေးရှား)ကို စတင်ဖွဲ့စည်းခဲ့သည်။
ယောသူ ယောသားအချင်းချင်း မကြာမကြာတွေ့ဆုံနိုင်ရန်၊ လူမှုရေးအခက်အခဲများ ၀ိုင်းဝန်းဖြေရှင်း၇န်နှင့် အခါအားလျော်စွာ ကုသိုလ်ကောင်းမှု စုပေါင်းပြုလုပ်ကြရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော ယောအသင်းသည် ယခုအခါ ၂ နှစ်ကျော်၍ သုံးနှစ်တာ ကာလသို့ပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

နှစ်သစ်ကူးပွဲများ သီတင်းကျွတ် တန်ဆောင်တိုင်နှင့် အားလပ်ရက်များတွင် ယောသူ ယောသားအချင်းချင်းစုပေါင်း၍ ကုသိုလ်ကောင်းမှုပြုဖြစ်ခဲ့ကြသည်၊ တွေးလိုက်တိုင်း ကြည်နူးဝမ်းမြောက်စရာ ကောင်းလှ၏။ ယခုလည်း ယောအသင်း မလေးရှားမှ ကွာလာလမ်ပူရှိ ရတနာရာမကျောင်း၌ သံဃာတော် (၄၅)ပါးအား စုပေါင်း ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဂန့်ဂေါမြို့ ကျက်သရေဆောင် ဖောင်တော်ဦးစေတီတော်မြတ် ပြန်လည်ပြုပြင်ရေးအတွက် အလှူငွေ ၂ သိန်းတိတိ ပေးအပ်လှူဒါန်းခဲ့ကြသည်။ သူတော်ကောင်းတို့ ချီးမွမ်းသည့် ကုသိုလ်ကောင်းမှုကို ပြုလုပ်ကြခြင်းလည်းဖြစ်ပါ၏။

ထို့အပြင် ယောအသင်း(မလေးရှား)သည် ထောင်အတွင်းရောက်ရှိနေသော ယောသူ ယောသားများအား ငွေကြေးစိုက်ထုတ်၍ အပြင်ဖက်ရောက်အောင် ကူညီပေးခြင်း မြန်မာပြည်သို့ ပြန်လည်ပို့ဆောင်ပေးခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။ ဘုရားရှင်၏လမ်းစဉ်ဖြစ်သော ဆွေတော်မျိုးတော်များအကျိုးကို တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးကြခြင်းလည်း ဖြစ်ပါ၏။
မှန်ပါ၏.. ကုသိုလ်ကောင်းမှုကို နည်းသည်ဟူ၍ အထင်မသေးရာ၊ ကောင်းကင်မှ မိုးပေါက်သည် အနည်းငယ်စီပင်ဖြစ်သော်လည်း ရေအိုးစသည်ကိုပြည့်စေသကဲ့သို့ ကောင်းမှုကုသိုလ်ကိုလည်း အနည်းစီပြုလုပ် ဆည်းပူလျှက် တိုးအောင်များအောင် ပြုလုပ်ရာ၏..ဟု ဘုရားရှင်ကိုယ်တိုင် လမ်းညွှန်တော်မူခဲ့လေသည်။

Wednesday, November 4, 2009

ယောအသင်း စင်္ကာပူ မလေးရှား လှုပ်ရှားမှုမှတ်တမ်းပုံများ၊

ယောအသင်း စင်္ကာပူ မလေးရှား လှုပ်ရှားမှုမှတ်တမ်းပုံများ၊











































Friday, July 10, 2009

ပီနန်းကျွန်းမှ ညီညွတ်သူတို့အောင်ပွဲ












သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ- လောကအတွင်း ဘုရားရှင် ပွင့်ပေါ်လာခြင်းသည် ချမ်းသာကြောင်းဖြစ်၏၊
သုခါ သဒ္ဓမ္မဒေသနာ. သူတော်ကောင်းတရားများကို ဟောကြားခြင်းသည် ချမ်းသာကြောင်းဖြစ်၏။
သုခါ သံဃဿ သာမဂ္ဂီ. သံဃာတော်များ (အသင်းအဖွဲ့များ)ရဲ့ညီညွတ်ခြင်းသည်ချမ်းသာကြောင်းဖြစ်၏။ သမဂ္ဂါနံ တပေါ သုခေါ- ညီညွတ်အောင် ကျင့်ကြံခြင်းသည် ချမ်းသာကြောင်းဖြစ်၏။

ငြိမ်းချမ်းရေးကို မြတ်နိုးတော်မူ ညီညွတ်ခြင်းကို အလေးပေးတော်မူတဲ့ ဘုရားရှင်ရဲ့ လမ်းညွှန်ချက် စကားတော်များပါ၊ ညီညွတ်တယ်ဆိုတာ ကိုယ့်ဖက်ကညီနေရင် အများက ဦးညွတ်ရတဲ့သဘောလို့ ဆိုပါတယ် အများညွတ်လာအောင် ကိုယ့်မိသားစု ကိုယ့်နယ်ပယ် ကိုယ်နိုင်ငံ စသည် အချင်းချင်း ညီနေရပါလိမ့်မယ်၊ ညီညွတ်အောင် နေနိုင် ပြောနိုင်တာဟာ ဘ၀မှာ ချမ်းသာဖို့ အဆင်ပြေဖို့ နည်းလမ်းတစ်ခုလို့ သိတော့ သိနေကြပါတယ်။ ဒါပေမယ့် လက်တွေ့အကောင်အထည် ဖော်ဖို့ ထင်သလောက်မလွယ်ဘူလှပါဘူး။

မိမိတို့လည်း ထင်သလောက် မလွယ်ကူလှတဲ့ ညီညွတ်ခြင်းကို ပုံဖော်ဖို့ ကြိုးစားကြည့်မိတယ်. အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံကို ရောက်လာကြတဲ့ ယောဒေသ ယောနယ်က ညီအကိုမောင်နှမများကို စုစည်းပြီး ယောအသင်း (မလေးရှား)ကို ဖွဲ့စည်းခဲ့တာ အခုဆို တနှစ်တင်းတင်းပြည့်ခဲ့ပါပြီ။
မကြခဏတွေ့ဆုံကြရင်း ရင်းနှီးမှု အမြင်ခြင်းဖလှယ်မှုစတာတွေနဲ့ ညီညွတ်လာဖို့..
အခါအားလျော်စွာ ကုသိုလ်ကောင်းမှုပြုနိုင်ဖို့
လူမှုရေးအခက်အခဲများကို ယောအသင်းမှ ကူညီဖြေရှင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ညီညွတ်တဲ့ ယောအသင်း (မလေးရှား)ကို ဖွဲ့စည်းခဲ့တာပါ။ ဒီလို နှစ်ပတ်လည် အစည်းအဝေးလေး ပီနန်းကျွန်းမှာ ဖြစ်လာဖို့အတွက် အထိုက်အလျောက်တော့ အခက်အခဲရှိခဲ့ပါတယ်. ဘယ်လောက်ပဲ ခက်ခဲပါစေ ညီညွတ်ရေး လိုလားတဲ့စိတ်ဓာတ်တွေနဲ့ ကျော်လွှားခဲ့ကြပြီး ကွာလာလမ်ပူ ဂျိုဟိုး မှ ယောညီအကိုများဟာ မဝေးလှတဲ့ ဒီခရီးကို ရောက်အောင်လာကြပါတယ်.

ပြီးတော့ ပီနန်းဆရာတော်ကြီးကို ဦးထိပ်ထားလို့ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းကြပါတယ်.. ဆွမ်းဆက်ကပ်အပြီးမှာတော့ ယောအသင်း (မလေးရှား)ရဲ့ အော်ဂနိုက်ဇာ များ မန်ဘာများနဲ့ မိမိတို့တတွေ အသင်းကြီး ဆက်လက်တည်တံ့နိုင်ဖို့ ဆွေးနွေးပွဲတွေ လုပ်ကြပါတယ်. ပြီးတော့ စုပေါင်း ဓာတ်ပုံရိုက်ကြပြီး ပျော်ရွှင်စရာကောင်းတဲ့ ယောညီအကို မောင်နှမတွေ၇ဲ့ တွေ့ဆုံမှု သို့မဟုတ် ပီနန်းကျွန်းပေါ်က ညီညွတ်သူတို့ရဲ့ အောင်ပွဲကို အောင်မြင်စွာ အောင်လံလွှင့်ထူနိုင်ခဲ့ပါတယ်. မှန်ပါတယ်.. ညီညွတ်အောင် ကျင့်ကြံခြင်း နေထိုင်ကြခြင်းဟာ တကယ့်ကို ချမ်းသာစရာဖြစ်ရပါတယ်။ ။

Saturday, June 20, 2009

ယောအသင်း စင်္ကာပူနှစ်ပတ်လည် အစည်းအဝေး




ယောအသင်း စင်္ကာပူ နှစ်ပတ်လည် အစည်းအဝေးကို ၂၀-၀၆-၂၀၀၉ ခုနှစ် စနေနေ့တွင် စင်္ကာပူနိုင်ငံ East Coast ပင်လယ်ကမ်းခြေ၌ အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်၊ ယောသူ ယောသားအချင်းချင်း စည်းလုံးညီညွတ်စွာ သုံးလတစ်ကြိမ်တွေ့ဆုံခြင်း. ၀ါဆို ကထိန် သင်္ကြန် အခါကြီး ရက်ကြီးများတွင် စုပေါင်းညီညာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်း...လူမှုကူညီရေး ကိစ္စများဆောင်ရွက်ခြင်း စသည့် ရည်ရွယ်ချက်များကို အသီးသီး ဆွေးနွေးကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်မှတ်တမ်းတင်ကြသည်၊

Saturday, June 13, 2009



စင်္ကာပူနိုင်ငံရောက် ယော ဓမ္မညီအကို မောင်နှမများ ဆွမ်းဆက်ကပ်လှူဒါန်းပွဲ

Sunday, May 17, 2009

ကူညီဖေးမ ပရဟိတ

(စင်္ကာပူ ယော အသင်း တနှစ်ပြည့်မြောက်ခြင်း နှစ်ပတ်လည်အတွက် ဂုဏ်ပြုရေးသားပါသည် )


၁၉-၀၅-၂၀၀၈ ယောအသင်း စတင်ဖွဲ့စည်းသည့်နေ့က မှတ်တမ်းပုံရိပ်များ

ငါကဲ့သို့ စွမ်းအားနှင့်ပြည့်စုံသော ယောကျားင်္ အတွက် တကိုယ်ထည်းကူးမြောက်၍ အဘယ်ကဲ့သို့အကျိုးရှိအံ့နည်း။ငါသည် သဗ္ဗညုတဥာဏ် ရပြီးနောက် နတ်နှင့်တကွသော လောကကို ကူးမြောက်စေအံ့.( ဇာတက နိဒါန်း )

၁၆-၀၅-၂၀၀၉ စနေနေ့မှာ ကနေဒါ နော်ဝေ ထိုင်ဝမ် ထိုင်း ဖီလစ်ပိုင် မော်စကို စင်္ကာပူ ဂျပန် အီတလီမှ ဓမ္မချစ်ခင် ညီအကို မောင်နှမတို့ကို ကူညီဖေးမ ပရဟိတ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်၊ လောကလူသား တစ်ယောက်အတွက် ရှိသင့်တဲ့ လူ့အရည်အသွေးမှာ တိုင်းတာစရာ အဖြစ်ပါဝင်နေတဲ့ ပရဟိတဟာ လူသားမှန်ရင် အသိဥာဏ်ရှိသူမှန်ရင် ဆောင်ရွက်ကြရပါလိမ့်မယ်..

လူ့သားတစ်ယောက် တန်ဖိုးကို တိုင်းတာရာမှာ အတ္တကိုယ်ဖယ်ရှားပြီး အများအကျိုး ဘယ်လောက်လုပ်နိုင်သလဲဆိုတာနဲ့လည်း တိုင်းတာရပါမယ်. ရှင်သန်သမျှ ကာလလေးမှာ လူဟာ အမြဲကိုလှုပ်ရှား ရုန်းကန်နေရပါတယ်. အသာလေးထိုင်ပြီး အိပ်စား လုပ်နေခွင့်မရှိပါဘူး၊ ဗုဒ္ဓအလိုတော်အရဆိုရင်တော့ ဥဋ္ဌာနဖလူပဇီဝီ ဖြစ်နေလို့ပါပဲ၊

ဆ၀ါလာတ သုတ္တန်မှာ မြတ်ဗုဒ္ဓ ဟောပြတဲ့ ပုဂ္ဂိုလ် ၄ ယောက်ဟာ လည်း စိတ်ဝင်စားစရာကောင်းပါတယ်.

၁။ ကိုယ့်အကျိုးလဲ မလုပ် ပရဟိတလဲ မလုပ်သူ
၂။ ကိုယ်အကျိုးတော့လုပ်ပြီး ပရဟိတ မလုပ်သူ
၃။ ပရဟိတတော့လုပ်ပြီး ကိုယ့်အကျိုးအတွက် မဆောင်ရွက်သူ
၎။ ကိုယ့်အကျိုးလည်းလုပ် ပရဟိတလည်း ဆောင်ရွက်သူ..ဆိုပြီး ဒီကမ္ဘာကြီးထဲမှာ ရှိတဲ့ လူသားပေါင်း သန်း ၆ ထောင်ကျော်ကို တူရာတူရာ စုရင် ဒီ လေးမျိုးသာ ရကြောင်းဟောပြတော်မူပါတယ်..ဒီလေးယောက်ထဲမှာ ကိုယ့်အကျိုးလည်းလုပ်ပြီး ပရဟိတလည်းဆောင်ရွက်သူကို အမြတ်ဆုံးလူသားအဖြစ် မြတ်ဗုဒ္ဓသတ်မှတ်တော်မူပါတယ်.

ဘ၀တခုကို ရောက်လာတဲ့ မိမိတို့လဲ လူဖြစ်ရကျိုးနပ်အောင် လူပီသအောင် လူ့နှလုံးသားပီပြင်အောင် ပရဟိတ လုပ်ကြရပါမယ်…ဘုရားလောင်း ကြွေးကြော်ခဲ့တဲ့ အထက်ဖော်ပြပါ စကားဟာ ပရဟိတဆောင်ရွက်ဖို့ တွန်းအားတခုဖြစ်သလို ငါလိုယောကျာင်္းက တယောက်တည်း နိဗ္ဗာန်သွားလို့အကျိုးမရှိဘူး ဒီလောကကြီးထဲက နတ်လူဗြဟ္မာတွေကိုလဲ ကူးမြောက်စေမယ် ဆိုတဲ့ ကျူးရင့်သံဟာ တကယ့်ကို မိမိတို့ နှလုံးသားကို လှုပ်နှိုးနေခဲ့ပါတယ်…

လောကကြီးထဲက သစ်ပင်တွေဟာ အသီးနဲ့ လောကကြီးကို အကျိုးပြုနေပါတယ်.မြစ်တွေ ချောင်းတွေဟာ အမြဲစီးဆင်းပြီး သန့်စင်တဲ့ရေစင်နဲ့ လောကကြီးကို အကျိုးပြုသလို နေဟာလည်း နေရောင်ခြည်နဲ့ လောကြီးကို အကျိုးပြုနေပါတယ်. လရောင်ဟာလည်း အေးမြတဲ့အလင်းရောင်နဲ့ လောကကြီးကိုအကျိုးပြုနေပါတယ်.. ဒါတွေဟာ သက်ရှိတွေမဟုတ်သလို အသိဥာဏ်ရှိတဲ့လူတွေလည်း မဟုတ်ပါဘူး..ဒီလို သက်မဲ့တွေတောင် လောကကြီးကို ကျေးဇူးပြုနိုင်သေးရင် အသိဥာဏ်ရှိတဲ့ လူသားဖြစ်တဲ့ မိမိတို့က လူလူချင်း ကျေးဇူးမပြုသင့်ဘူးလား….လူပီသတဲ့လူ… မြတ်ဗုဒ္ဓသတ်မှတ်တဲ့ လူမြတ်စာရင်းဝင်အောင် ကြိုးစားဆောင်ရွက်သင့်ပါတယ်..

မိမိတို့တတွေဟာ တခဏမျှ လူ့ဘ၀ရကြ။လူထဲသူထဲ လူနဲ့သူနဲ့နေကြ။လူ့ကိစ္စ လူ့ဝတ္တရား လူ့တာဝန်ယူကြရ။လူ့အတွေး လူ့အမြင် လူ့အသိတွေ သိကြရစဉ်ကာလမှာ ဘယ်လောက်ကြာအောင် မျိုးဆက်ရှည် တည်တံ့ဦးမယ်မှန်း မသိတဲ့ လူ့လောကအတွင်း လူသားအချင်းချင်း ရိုင်းပင်းကူညီမှု၊ လူသား အချင်းချင်း ချစ်ကြည်ရင်းနှီးစေမှုတွေနဲ့ လူ့သတင်း လူချင်းဆောင်ကာ လူ့သမိုင်းကောင်းစေဖို့ အလုပ်ကောင်းတွေ လုပ်ကြရပါမယ်. အလုပ်ကောင်းလုပ်နိုင်ဖို့ အဓိက က စိတ်ကောင်းရှိဖို့ ထက်သန်တဲ့ဆန္ဒရှိဖို့ စေတနာသန့်ဖို့တော့လိုပါတယ်..

ပြီးတော့ လူလောကကြီးထဲက ဘာတွေယူသွားကြမလဲ ဘာတွေထားသွားမလဲဆိုတာလဲ စဉ်းစားကြရပါမယ်..မြတ်ဗုဒ္ဓကတော့ အချိန်များစွာ အသက်များစွာ ဘ၀များစွာ စည်းစိမ်ဥစ္စာများစွာ ပေးဆပ်ခဲ့ပြီး ဓမ္မဆိုတာကို ထားပစ်ခဲ့ပါတယ်.သူထားခဲ့တဲ့ ဓမ္မဆိုတာ ဘယ်လောက်များ လောက လူသားတွေကို ကျေးဇူးပြုနေသလဲဆိုတာ အားလုံးနားလည် သိနိုင်ပါတယ်…မိမိတို့တတွေက ကော ဘာတွေယူပြီး ဘာတွေထားရစ်ခဲ့ကြမလဲ…..

မေတ္တာသုတ်မှာတော့ နာညမညဿ ဒုက္ခမိစ္ဆေယျ..လူများရဲ့ ဒုက္ခကို မလိုလားပါနဲ့..အပြန်အားဖြင့်တော့ ကူညီဖေးမ ပရဟိတ လုပ်ကြပါလို့ ပြောနိုင်ပါတယ်. လူသားဒုက္ခရောက်တာကို ကိုယ့်နှလုံးသားက ဘာမှမဖြစ်ဘူးဆိုရင် ဒီလူနှလုံးသားဟာ သူတော်စင် နှလုံးသားလို့ မဆိုနိုင်ပါဘူး..သူတပါး ဒုက္ခရောက်တာကို မြင်ရရင် ရင်ထဲမှာ တကယ့်ကို နာကြင်စွာခံစား တုန်လှုပ်မှ သူတော်စင်နှလုံးသားလို့ ဆိုရပါမယ်…
ဘုရားလောင်းတော် ကတော့ ဥဒါန်းကျူးရင့်တော်မူနေပါတယ်……. ငါကဲ့သို့ စွမ်းအားနှင့်ပြည့်စုံသော ယောကျားင်္ အတွက် တကိုယ်ထည်းကူးမြောက်၍ အဘယ်ကဲ့သို့အကျိုးရှိအံ့နည်း။ငါသည် သဗ္ဗညုတဥာဏ် ရပြီးနောက် နတ်နှင့်တကွသော လောကကို ကူးမြောက်စေအံ့….

အိုစာရှုသူ….သင်ရော အကျွန်ုပ်တို့ရော တတ်နိုင်တဲ့ ပရဟိတတွေ လက်တွဲဆောင်ရွက်ကြပါစို့…လူ့တန်ဖိုးတွေကို ဖော်ထုတ်ကြပါစို့…..သူတပါး ဒုက္ခရောက်တာကို မလိုလားသူ ကူညီသူ ဖေးမသူ ပရဟိတ ဆောင်ရွက်သူ ဖြစ်အောင် ကြိုးစားကြပါစို့……….

(၁၉-၀၅-၂၀၀၉ ရက်နေ့ဟာ စင်္ကာပူနိုင်ငံရောက် ယောအသင်းကို တည်ထောင်ဖွဲ့စည်းခဲ့တာ တနှစ်တင်းတင်းပြည့်ခဲ့ပါပြီ..အတူဆင်နွှဲတဲ့ ကောင်းမှုပွဲလေးတွေ ဆောင်ရွက်နိုင်ခဲ့တာ စုစည်းတဲ့ ယောညီအကို မောင်နှမတို့ရဲ့ ညီညွတ်ရေး စိတ်ဓာတ်များကြောင့်သာဖြစ်ပါတယ်.ထက်သန်တဲ့ဆန္ဒတွေနဲ့ လူသားတန်ဖိုးတွေကို ဆက်လက်မြှင့်တင် ဖော်ထုတ်နိုင်ကြမယ်လို့ ယုံကြည်နေပါတယ်.)

Wednesday, January 14, 2009

မလေးရှားရောက် ယောအသင်း ဆွမ်းအလှူဒါန ပြုမည်


မလေးရှားရောက် ယောအသင်းမှ ဇန်န၀ါရီလ ၂၆ရက် ၂၀၀၉-တွင် ကျရောက်လာမည့် တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ ရတနာရာမ ဘုန်းတော်ကြီး ကျောင်းတွင် သဒ္ဓါ သီလ စာဂ ပညာ တူညီစွာဖြင့် ဆွမ်းဆက်ကပ် လှူဒါန်းကြမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မလေးရှားရောက် ယောအသင်းသူ အသင်းသားအားလုံး စုံစုံညီညီ တက်ရောက်ပါဝင် ကုသိုလ်ယူ ကြပါရန်နှင့် မည်သူမဆိုလာရောက် ကုသိုလ်ယူ တရားနာလာနိုင်ပါကြောင်း အသိပေးဖိတ်ခေါ်လိုက်ပါသည်။


Wednesday, November 12, 2008

စုပေါင်းပြင်ဆင် ပဒေသာပင်

စုပေါင်းပြင်ဆင် ပဒေသာပင်

ကုသိုလ်အရေးမို့ လက်တွဲညီညာ



ကုသိုလ်အရေးမို့ လက်တွဲညီညာ

Sunday, November 9, 2008

ညီညာဆင်နွှဲ ကထိန်ပဒေသာပင်လှည့်ပွဲ


ညီညာဆင်နွှဲ ကထိန်ပဒေသာပင်လှည့်ပွဲ

ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် ယောပျိုမေများ


ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် ယောပျိုမေများ


အောင်မြင်ဆင်နွှဲ ယောအသင်း စင်္ကာပူ ဘုံကထိန်ပွဲ

Saturday, October 18, 2008

ဤကဲ့သို့ ပေါင်းစုဆင်နွှဲ ၀ါဆိုသင်္ကန်းကပ်ပွဲ ကျင်းပခဲ့စဉ်က



ဤကဲ့သို့ ပေါင်းစုဆင်နွှဲ ၀ါဆိုသင်္ကန်းကပ်ပွဲ ကျင်းပခဲ့စဉ်က

ယောအသင်း(စင်္ကာပူ)စတင်ဖွဲ့စည်းသည့်နေ့က



ယောအသင်း(စင်္ကာပူ)စတင်ဖွဲ့စည်းသည့်နေ့က ဤကဲ့သို့ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်


ယောအသင်း(စတင်ဖွဲ့စည်းသည့်နေ့ကဤကဲ့သို့ပြုံးရွှင်ကြည်နူးစွာ စတင်ခဲ့ကြသည်

Sunday, October 12, 2008

ယောအသင်း ( စင်္ကာပူ ) ကထိန်သင်္ကန်းကပ်လှူကြမည်

၉-၁၁-၂၀၀၈ (တနင်္ဂနွေနေ့) တွင် Eunos MRT အနီးရှိ မင်္ဂလာဝိဟာရ ( သီရိလင်္ကာကျောင်း)တွင် ဓာတ်တော်ဆရာတော် အမှူးပြုသော သံဃာတော်များအား ယောအသင်း( စင်္ကာပူ)မှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း, နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်မည်ဖြစ်ပါသည်၊ သို့ဖြစ်ပါ၍ ကထိန်သင်္ကန်းဆက်ကပ်ပွဲသို့ တက်ရောက်ပါရန် နွေးထွေးစွာ ဖိတ်ကြားအပ်ပါသည်။ ယခင်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းစဉ်က ကဲ့သို့ သင်္ကန်း လှူဒါန်းခြင်း ဆွမ်းကွမ်းကိစ္စ စီမံချက်ပြုတ်ရန်အတွက် စည်းလုံးညီညွတ်စွာ ၀ိုင်းဝန်းကူညီခြင်းနှင့် အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ အကြံပြုဆွေးနွေးရန်အတွက် အောက်ပါနံပါတ်များသို့ဆက်သွယ်နိုင်ပါသည်။

ဦးမြတ်ခင် - ၉၀၆၆ ၉၅၈၇
ကိုထွန်းလှိုင်- ၉၆၁၃ ၆၄၃၄
မမြင့်စိန်- ၈၁၆၄ ၄၃၅၉
ကိုကြည်ညွန့်ရှိန်- ၉၀၂၁ ၄၅၉၀

ယောအသင်း (စင်္ကာပူ)
စင်္ကာပူနိုင်ငံ

Monday, September 1, 2008

ယောအသင်း (မလေးရှား) ၏ သုံးလပတ်အစည်းအဝေး

ဂျိုဟိုး ကွာလာလမ်ပူ ပီနန်းရောက် ယောသူ ယောသားများ စုစည်းတည်ထောင်ထားသော မလေးရှား(ယော) အသင်း သုံးလပတ်အစည်းအဝေးနှင့် ဆွမ်းဆက် ကပ်လှူဒါန်းပွဲကို ၃၀-၀၈-၂၀၀၈ နေု့တွင် မလေးရှားနိုင်ငံ ပီနန်းမြို့  မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။ ပီနန်းဆရာတော်ကြီး အမှူးပြုသော ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်း နေ့ဆွမ်း ဆက်ကပ်လှူဒါန်း ခြင်း၊ ၀ါဆို သင်္ကန်းများ စုပေါင်းလှူဒါန်းခြင်း အစည်းအဝေးသို့ ကြွရောက်လာကြသော အသင်းသူ အသင်းသားများအား ဧည့်ခံ ကျွေးမွေးခြင်းတို့ကို ပြုလုပ် ခဲ့ကြသည်။

Sunday, July 13, 2008

စင်္ကာပူရောက် ယောအသင်း၏ ပထမဦးဆုံးအကြိမ် စုပေါင်းဝါဆိုသင်္ကန်းကပ်ပွဲကို ဓာတ်တော်ကျောင်းတိုက်၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါသည်။ ၀ါဆိုသင်္ကန်းကပ်ပွဲသို့ ကြွရောက်လာကြသည့် ဧည့်ပရိသတ်များအားလည်း ရိုးရာမြန်မာအစားစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။