Monday, September 1, 2008

ယောအသင်း (မလေးရှား) ၏ သုံးလပတ်အစည်းအဝေး

ဂျိုဟိုး ကွာလာလမ်ပူ ပီနန်းရောက် ယောသူ ယောသားများ စုစည်းတည်ထောင်ထားသော မလေးရှား(ယော) အသင်း သုံးလပတ်အစည်းအဝေးနှင့် ဆွမ်းဆက် ကပ်လှူဒါန်းပွဲကို ၃၀-၀၈-၂၀၀၈ နေု့တွင် မလေးရှားနိုင်ငံ ပီနန်းမြို့  မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။ ပီနန်းဆရာတော်ကြီး အမှူးပြုသော ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်း နေ့ဆွမ်း ဆက်ကပ်လှူဒါန်း ခြင်း၊ ၀ါဆို သင်္ကန်းများ စုပေါင်းလှူဒါန်းခြင်း အစည်းအဝေးသို့ ကြွရောက်လာကြသော အသင်းသူ အသင်းသားများအား ဧည့်ခံ ကျွေးမွေးခြင်းတို့ကို ပြုလုပ် ခဲ့ကြသည်။

0 comments: