Wednesday, May 6, 2009

အလင်းနိမိတ်နဲ့ ဘုရားဖူးခြင်းအပေါ် ပါမေက္ခချုပ်ဆရာတော်၏ သဘောထား အမြင်

မြေဇင်းတောရ ဆရာတော်ဘုရားကြီး၏ ပဓာနပါရဂူကျမ်းကို ဖတ်ရှုကြည့်ပါသည်၊ ဆရာတော်ဘုရားကြီးနှင့် ယောဂီပုဂ္ဂိုလ်တို့ တွေ့ရှိချက်တွေကို မေးဖြေနေတာတွေ့ရှိရသည်။ အချို့အချက် အလက်တွေကို ဆရာတော်ဘုရားကြီးက နည်းလမ်းမှန်အောင် ပြင်ဆင်ပေးသည်ကို တွေ့ရှိရပါသည်.

အာနာပါန ကမ္မဋ္ဌာန်းမှ အနုလောမဥာဏ်အထိ ရှင်းလင်းပြသသည်ကိုတွေ့ရှိရပါသည်၊ ဤစာအုပ်၌ ထူးခြားချက်မှာ အာနာပါနအားထုတ်ပြီး နိမိတ်တွေရလာသည်။ ၎င်းရလာသော နိမိတကို ကြီးထွားအောင် အားထုတ်ပြီး အဝေး အနီးဘုရားစေတီများကို အားထုတ်ခြင်းဖြစ်ပေသည်၊ ဤမျှလောက်အားထုတ်ရုံမျှဖြင့် ဘုရားစေတီများကို ဖူးလို့ရပါသလားဟု မေးဖွယ်ရှိ၏။် ဘုရားဟောကျမ်းစာတွေထဲမှာ ဤလိုနည်းတွေပါ ပါရဲ့လားဟုလည်း မေးဖွယ်ရှိ၏

အောက်ပါ အရုဏ၀တီသုတ္တန် နှင့် အဋ္ဌကထာတို့ကို ကြည့်ရှုလိုက်လျက် ရှင်းသွားပါလိမ့်မည်၊ ဤကမ္ဘာမှ ပြန်၍ရေတွက်သော် ၃၁ ကမ္ဘာအထက်၌ သိခီမြတ်စွာဘုရားပွင့်တော်မူ၏ သိခီမြတ်စွာဘုရားမှာ အဘိဘူ နှင့် သမ္ဘ၀ဟူသော အဂ္ဂသာဝက ရဟန္တာ ၂ ပါးရှိသည်။

တရံရောအခါ သိခီမြတ်စွာဘုရား နှင့် အဘိဘူ လက်ယာတော်ရံတပည့်တို့ ဗြဟ္မာဘုံသို့ ကြွသွားကြသည်။ သိခီမြတ်စွာဘုရား၏ စေခိုင်းချက်အရ အဘိဘူရဟန်းသည် အောက်ပါ နှစ်ဂါထာကို စကြာဝဠာတထောင်အတွင်းရှိ သတ္တ၀ါအားလုံး ကြားအောင် မြင်အောင် ဟောကြားလေသည်၊

အာရမ္ဘထ နိက္ကမထ ယုဉ္ဇထ ဗုဒ္ဓသာသနေ
ဓုနာထ မစ္စုနော သေနံ နဠာဂါရံဝ ကုဉ္ဇရော
ယော မသ္မိ့ ဓမ္မ၀ိနယေ အပ္ပမတ္တော ၀ိဟေဿတိ
ပဟာယ ဇာတိသံသာရံ ဒုက္ခဿန္တံ ကရိဿတိ။ ဟူသော နှစ်ဂါထာကို

ယခုခေတ် ရုပ်မြင်သံကြားဖြင့် အသံကော ရုပ်ကောင် မြင်အောင် ကြားအောင်ထုတ်လွှင့် သကဲ့သို့ အဘိဘူရဟန်းသည် မြင်အောင် ကြားအောင်ထုတ်လွှင့်ခဲ့လေသည်၊ ဒီနေရာ၌ အဋ္ဌကထာဆရာတော်က အဘိဘူရဟန်းထုတ်လွှင့်ပုံကို ဖော်ပြထားသည်မှာ

အဘိဘူရဟန်းသည် ရှေးဦးစွာ နီလကသိုဏ်းဈာန်ကို ၀င်စား၍ နီလကသိုဏ်းနိမိတ်ဖြင့် စကြာဝဠာတထောင်ကို ဖြန့်လိုက်သည်၊ ထိုအခါ စကြာဝဠာ တထောင်လုံး ညကဲ့သို့ဖြစ်သွားသည် မှောင်သွားသည်၊ ထို့နောက်မှ ဩဒါတကသိုဏ်းဈာန်ဝင်စား၍ ဩဒါတကသိုဏ်းနိမိတ်ဖြင့် စကြာဝဠာ တစ်ထောင်ကို ဖြန့်လိုက်သည်၊ ထိုအခါ စကြာဝဠာ တစ်ထောင်လုံး နေကဲ့သို့ လင်းထိုင်သွားသည် ထိုအခါမှ အထက်ပါ နှစ်ဂါထာကို ဟောကြားရာ အားလုံးသတ္တ၀ါတို့ အဘိဘူရဟန်း၏ ရုပ်အဆင်းကိုလဲ မြင်ရသည် တရားအသံကိုလည်း ကြားကြရသည်ဟု အဋ္ဌကထာဆရာတော်ဖွင့်ပြသည်။

မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီး၏ နည်းသည်လည်း အရုဏ၀တီသုတ် အဋ္ဌကထာ အဖွင့်နှင့် ညီညွတ်သဖြင့် ယုံကြည်စိတ်ချစွာဖြင့် အားထုတ်သင့်ကြပေသည်၊ အကယ်၍ ဘုရားမဖူးချင်လျင်လည်း မိမိ ခန္ဓာရှိ ၃၂ ကောဋ္ဌာသအာရုံများကို အာနာပါန နိမိတ်ဖြင့် ထိုးကြည့်ပြီး ရုပ်နာမ်ဖြစ်ပျက်ကို ရှုလျင်လည်း အလွန်တရာမှကြည်လင်ပြတ်သားစွာ ဖြစ်မှု ပျက်မှုများကို မြင်နိုင်ပါသည်၊

အာနာပါန သမာဓိနှင့် ကသိုဏ်းနိမိတ်တို့၏ အကူအညီဖြင့် ၀ိဿနာရှုလျင်လည်း ၀ိပဿနာ သက်သက်ထက်ပို၍ ကောင်းပါသည်၊ ထို့ကြောင့် မောင်းထောင်မြေဇင်းတောရဆရာတော်၏ ပဓာနပါရဂူကျမ်းကို ကြည့်ရှု၍ အားထုတ်လိုသူများ စိတ်ချလက်ချ ယုံကြည်စွာဖြင့် အားထုတ်သင့်ကြပေသည်။


ဗန်းမော်ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်
ဒုတိယပါမောက္ခချုပ်


ပဓာနပါဂူကျမ်း အမှာစာကို ကူးယူဖော်ပြပါသည်။ အဌကထာကို တိုက်ရိုက်ကြည့်ရှုလိုသူများအတွက် သံယုတ္တ အဋ္ဌကထာ ပထမအုပ် စာမျက်နှာ ၂၀၃။ ၂၀၄ မှာ ကြည့်ရှုနိုင်ပါသည်၊ မှန်ကန်သည့် ဓမ္မများကို ကျင့်ကြံခြင်းဖြင့် သိရှိနိုင်ပါစေ။
အရှင်တိက္ခဥာဏာလင်္ကာရ ( ယော )

4 comments:

အောင်ဦး said...

ဘုန်းဘုန်း ဘုရား...
တပည့်ဖတ်ရှုနာခံ နှလုံးသွင်းမိပါတယ် အရှင်ဘုရား။
ကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုး ဆက်လက်သယ်ပိုး နိုင်ပါစေ ဘုရား။

Unknown said...

ဆရာတော် ဘုရား တရားတော် ကို နာ ကြား ဖတ်ရှုရသည့် အတွက် အလွန် ၀မ်းမြောက် ရ ပါသည်။ မြေဇင် တောရ ဆရာတော် ဘုရားကြီး ၏“ဒဿနပါရ ဂူ” ကန္နီဆရာတော် ကြီး၏ “သစ္စာပါရဂူဓ” ကျမ်းတို့ အား ပူဇော် ခဲ့ ဖူး ပါ သော် လည်း ယခု “ပဓာန ပါရဂူ” ကျမ်း ကို မည် သို့ ပင့်ဆောင် ရ မည် ကို ဆုံး မ ပြသပေးတော် မူ ပါ ဘုရား။

လေးစားရိုသေစွာဖြင့်..ဥပသကာ

www.upasaka969.blogspot.com

matrixconstellation said...

ပဓါနပါရဂူကျမ်း ကိုpdf ဖိုင်လိုချင်ပါသည်

matrixconstellation said...

ပဓါနပါရဂူကျမ်း ကိုpdf ဖိုင်လိုချင်ပါသည်