Monday, May 4, 2009

ကျေးဇူး မင်္ဂလာ

ကိုဝင်းမြင့် ကိုဝိမုတ္တိ တို့ ဦးဆောင်ပြီး ကျင်းပတဲ့ အွန်လိုင်းတရားပွဲလေး ပြီးမြောက် အောင်မြင်သွားလို့ အားလုံးလဲ ပျော်ရွှင်ကြရပါတယ်၊ ပြီးတော့ ဟောပြောခဲ့တဲ့ တရားတွေကို အဖြူရောင်သံစဉ် ရေဒီယိုတဆင့် ထပ်ဆင့်လွှင့်ပေးလို့ တရားချစ်ခင် သူတော်စင်တို့ ရွှင်ပြုံးကြည်နူးကြရသလို ကမ္ဘာတ၀ှန်းဓမ္မချစ်ခင် သူတော်စင်တို့ နာကြားခွင့်ရရှိခဲ့ပါတယ်၊

စာရေးသူဆီကို အီးမေးလ်နဲ့တမျိုး ဖုန်းနဲ့တဖုံ ၀မ်းသာကြောင်း လျှောက်ထားခဲ့ကြတဲ့ သူတွေကို ဦးဇင်းက ကျေးဇူးတင်ပါတယ်။ ဒီလိုဖြန့်ဖြူးခွင့်ရအောင် ကြိုးစားပေးခဲ့တဲ့ ကိုဝင်းမြင့် ကိုဝိမုတ္တိ အဖြူရောင်သံစဉ် အဖြူရောင်မေတ္တာ သစ္စာအလင်း မက်မက် မမေဟန် ကိုအောင်ဆွေဦး ကိုနေဇင်လတ် ကိုမျိုး ကိုနန်းထိုက်လင်း မမြကြေးမုံ ကိုအောင်ကျော်ဆန်း စတဲ့ ကမ္ဘာ့နိုင်ငံ အသီသီးက ဓမ္မမိတ်ဆွေများကိုလဲ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်၊

တိုတောင်းတဲ့ လူ့ဘ၀လေးမှာ အချိန်ကို အကျိုးရှိရှိ အသုံးချလို့ ဗုဒ္ဓရဲ့ မင်္ဂလာတရားတော်နဲ့ အညီ ကာလေန ဓမ္မဿဝနံ ဆိုတာကို နှုတ်က ရွတ်ဆိုနေရုံသာမကပဲ လက်တွေ့ အကောင်အထည်ဖော်ကြခြင်းဖြစ်လို့ တကယ့် မင်္ဂလာအစစ် ဖြစ်ရပါတယ်၊ မင်္ဂလာရှိရင် ကြီးပွားမယ်လို့ ဘုရားရှင် လမ်းညွှန်တော်မူတဲ့အတွက် လောကီကြီးပွားရေး လောကုတ္တရာ ကြီးပွားရေးကို ဆထက်တိုးလို့ ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုရင်း ကျေးဇူးတင်စကား ဆိုလိုက်ပရစေ၊ ။

5 comments:

သစ္စာအလင်း said...

အရှင်ဘုရား..
တပည့်တော်တို့ကလည်းအရှင်ဘုရားရဲ့ အေးဆေးတည်ငြိမ်တဲ့ အသံတော်နှင့် အနှစ်သာရ ပြည့်ဝတဲ့ ကိုယ်တွေ့စစ်စစ်တရားတော်များကိုနာယူရလို့ အလွန်ဝမ်းသာပါတယ်ဘုရား။
အရှင်ဘုရားကျေးဇူးကိုလည်း အမြဲရိုသေဦးခိုက်နေမှာပါဘုရား။ တပည့်တော်လည်းသည်လိုအားထုတ်ခွင့်ရချင်ပါသေးတယ်ဘုရား။
အရှင်ဘုရား ကျန်းမာချမ်းသာစွာ သာသနာ့ဝန်ခန္ဓာ့ ဝန်ကိုဆောင်ရွက်နိုင်ပါစေရန်ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ဘုရား။

winmyint said...

မင်္ဂလာပါ အရှင်ဘုရား...
တပည့်တော်တို့က ရေငတ်နေကြသူပါ။ ရေဆိုသည်မှာ တရားတော်ကို ရည်ညွှန်းပါသည်။ ဘာကြောင့်ရေငတ်နေတာတုံးဆိုတော့ ပန်းဘဲဖိုလ်ထိုးနေရလို့ပါ။ ကိလေသာမီးရုံနားမှာ ပတ္တာမြားလုံးများ ရမလား ဇောလောကြီးစွာဖြင့် ဖိုလ်ထိုးနေရတာဖြင့် မီးပုံနားမှာ ပူပြင်းလှပါတယ်။ အဲဒီအချိန်မှာ ရေတစ်ခွက်တော့ တောင့်တမိတာအမှန်။ ဗုဒ္ဓဘာသာ အမိဝမ်းမှာ ပဋိသန္ဓေနေရပါလျက်( ဗုဒ္ဓဓမ္မစည်တော်ထုရာ အရပ်တွင် နေရပါလျက် - သောက်ရေကန်နားနေရပါလျက်) တပည့်တော်တို့မှာ ရေအိုးကို စိတ်မရောက်ဘဲ ဖိုလ်ထိုးရာမှာပဲ စိတ်ညွှတ်နေရတဲ့အချိန်မှာ အွန်လှိုင်းတရားပွဲ အနေဖြင့် စိတ်ဝင်စားမှုမှ ရေလေးတစ်ခွက်မျှ သောက်ရခြင်းသည် ပူပြင်းနေသောအပူဓာတ်တွေမှ အအေးဓာတ်ကို တပည့်တော်တို့ ခံစားရပါတယ်...ဒါတင်မဟုတ်ပါဘူး...တို့ ထိုးနေတဲ့ ဖိုလ်ဆိုတာက ပတ္တာမြားတော့ မရနိုင်ဘူး၊ အရိုးထုပ်သာ ရမှာ သေချာတယ်။ ပတ္တာမြားမြင်ဖူးချင်ရင် မိုးကုတ်ကို သွားလို့ ပြောရမလိုပ..ချမ်းသာသုခ အစစ်ကို လိုချင်ရင် ချမ်းသာသခုဓာတ်ကို ပေးနိုင်တဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ အရိပ်ကို ခိုရပါလိမ့်မယ်...အရှင်ဘုရားတို့ တိုက်ကျွေးတဲ့ ရေချမ်းကို သောက်ရပါလိမ့်မယ်...ဒါကို တပည့်တော် သုံးသပ်၍ အားလုံးသော ဓမ္မမိတ်ဆွေများ၏ ပူပြင်းနေသော နှလုံးသားကန္တာရမှာ ရေစမ်းကလေး စီးဆင်းသွားအောင် အဖြူရောင်သံစဉ်ကို မြောင်းဖောက်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်...အဖြူရောင်သံစဉ်ကလည်း ဒါမျိုး အွန်လှိုင်းမှ ဓမ္မသံ တညံညံ ဖြစ်စေရမယ့်ဟဲ့လို့ သန္ဓိဋ္ဌာန်ချထားကြတဲ့ သဒ္ဓါတရားထက်သန်ကြသူတွေ ဖြစ်နေသောကြောင့် ပြောစရာမလိုပါတဲ့..ကြိုက်တဲ့အချိန်မှာ အဆင်သင့်ပါတဲ့...
အဖြူရောင်သံစဉ်မိသားစုမှ မြောင်းသွယ်ဖောက်ပေးခြင်းသည် တပည့်တော်တို့ နှလုံးသားကန္တာရထဲသို့ အရှင်ဘုရား၏ ဓမ္မရေလေး စီးဆင်းခဲ့ရပါတယ်...
တပည့်တော်တို့ နှလုံးသားအေးမြရခြင်း အကျိုး၏ အကြောင်းလက်သည်ကို ရှာရလျင်...
ထုတ်လွှင့်ပေးသော..အဖြူရောင်သံစဉ်မိသားစု နှင့် အရှင်ဘုရားသည်ပင် လက်သည်အကြောင်းတရား ဖြစ်နေပါတယ် အရှင်ဘုရား...
သို့ဖြစ်ပါ၍... အဖြူရောင်သံစဉ်မိသားစုနှင့် အရှင်ဘုရားကို တပည့်တော်တို့ ထူးကဲစွာသော အဘိသဘောဖြင့် ကျေးဇူးတင်ပါတယ် ...
လေးစားစွာဖြင့်
ဝင်းမြင့်
(တရားပွဲများကို အဖြူရောင်သံစဉ်မှ ထပ်မံ၍ ထုတ်လွှင့်သွားပါမည်... http://apytz.net တွင် ကြေငြာသွားမည်ဖြစ်ပါ၍ ထိုဆိုဒ်သို့ သွားရောက်၍ ကြည့်နိုင်ပါသည်ခင်ဗျား...)

Dream said...

ဘုန်းဘုန်းဘုရားရဲ့ မေတ္တာစေသနာတော်နှင့် အခုလို တရားနာခွင့် ပေးတာ မက်မက်တို့ မှလည်း အင်မတန်မှကို ကျေးဇူးတင်ပါတယ်ဘုရား...

အခုလို အပင်ပန်းခံပြီး အဝေးရောက် မောင်နှတစ်သိုက်တွေကို တရားဟောပေးတာ ၀မ်းမြှောက်လှပါတယ်ဘုရား...ကျေးဇူးလည်း တင်ပါတယ်ဘုရား....

ဘုန်းဘုန်းလည်း ကျန်းမာချမ်းသာပြီး သာသနာ့အကျိုးကို ဆက်လက်သယ်ပိုးနိုင်ပါစေ....
လို့မေတ္တာပို့ပါတယ်.. ပါဘုရား...

Unknown said...

ဆရာ ဒကာလက်တွဲ ဆောင်ရွက်ခွင့်ရလို့ ၀မ်းသာမဆုံးပါဘူး။ သစ္စာလင်း ကိုဝင်းမြင့် မက်မက်တို့နဲ့ သာသနာအကျိုးကို တတ်နိုင်သလောက် ဆောင်ရွက်ချင်ပါတယ်။

The Bliss Of Emancipation said...

ဘုန်းဘုန်းဘုရား

အခုလိုမျိုး ကိုယ်တွေ့ သိမြင်အားထုတ်ခဲ့သော တရားအတွေ့ အကြုံများကို ပြန်လည်နာကြားခွင့် ရရှိတဲ့အတွက် အင်မတန်မှဘဲ ကျေနပ်ဝမ်းမြောက်ပီတိဖြစ်ရပါတယ်ဘုရား။ တပည့်တော်သိချင်တာ တော်တော်များများ အရှင်ဘုရားရဲ့ တရားထဲမှာ ပါသွားပါတယ်ဘုရား။ Questions & Answers အစီအစဉ်ထည့်ထားတဲ့အတွက်လည်း တပည့်တော်တို့ အတွက် ဗဟုသုတပိုတိုးစေပါတယ်ဘုရား။ အရှင်ဘုရား သမထယာဉ်အမြန်နှင့် လွယ်ကူသက်သာလျင်မြန်စွာ ခရီးဆုံးပန်းတိုင်သို့ ရောက်ရှိပါစေကြောင်း မေတ္တာပို့ သအပ်ပါတယ် ဘုရား။

ရိုသေစွာရှိခိုးဦးတင်လျက်
ဝိမုတ္တိသုခ