Friday, March 5, 2010

တိပိဋက ယောဆရာတော်ကြီးရဲ့ ၆၇ နှစ် အိုပွဲမင်္ဂလာ

ကျေးဇူးရှင် တိပိဋက ယောဆရာတော်ကြီးရဲ့ ၆၇ နှစ်ပြည့် အိုပွဲမင်္ဂလာ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ၀ိသုဒ္ဓါရုံကျောင်းတိုက်မှာ ကျင်းပခဲ့တယ်၊ ပင့်သံဃာတော်များ၊သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဧည့်သည်တော်များအား ကျွေးမှုလှူဒါန်းခြင်းနဲ့ တရားရေအေး တိုက်ကျွေးလျှက် အိုပွဲမင်္ဂလာကို ကျင်းပခဲ့ပါတယ်၊ ဆရာတော်ကြီးရဲ့ အိုပွဲမင်္ဂလာ နှလုံးသွင်း သံဝေဂကဗျာကိုလည်း ပြန်လည်ဖြန့်ဝေလိုက်ပါတယ်။


၆၇နှစ် အိုပွဲသဘင်မှာ ဖူးတွေ့ရသည့် တိပိဋကယောဆရာတော်နှင့် ပင့်သံဃာတော်များ









မွေးနေ့ဆိုတာ အိုပွဲပါ .....

- တနှစ်တခါ ၊ မွေးနေ့ပါ ၊ လူမှာခေါ်ရိုးရှိ။

- တကယ်ပြောင်းတာ ၊ ရုပ်နာမ်ပါ ၊ ခန္ဓာမမြဲသိ။
- ရုပ်နာမ် ဓမ္မ ၊ မမြဲကြ ၊ ခဏ ခဏ ပြောင်းနေ၏။
- သေမင်း မှတ်တိုင် ၊ နောက်တစ်တိုင် ၊ ရင်ဆိုင်ရောက်လာ၏။
- မွေးနေ့ဆိုတာ ၊ အိုပွဲပါ ၊ သေချာ ဥာဏ်ဖြင့်ကြည့်။
- အသက် သိက္ခာ ၊ ကြီးစရာ ၊ လူမှာနှစ်မျိုးရှိ။
- အသက်ကြီးရုံ ၊ အားမစုံ ၊ အကုန်ကြောက်ရ၏။
- အသိမကြွယ် ၊ အကျင့်ကွယ် ၊ အိုပယ်ဖြစ်သွား၏။
- အကျင့်သိက္ခာ ၊ ကြီးမှသာ ၊ မှန်စွာ စိတ်အေး၏။
- ကြီးလေ လှလေ ၊ အေးမြပေ ၊ လူတွေချစ်ကြ၏။
- မွေးနေ့မင်္ဂလာ ၊ ရတနာ ၊ ကောင်းစွာရအောင်ဖြည့်။

( တိပိဋက ယောဆရာတော် )

ရန်ကုန် အွန်လိုင်းကို အံတု၍ ဓာတ်ပုံများ ပို့ပေးသည့် အရှင်ဝဇိရနှင့် အရှင်ကာရုညတို့အား ကျေးဇူးအထူးတင်ပါသည်။

0 comments: