Tuesday, March 9, 2010

သာသနာပြုအတွေ့အကြုံ

စာရေးသူသည် ကမ္ဗောဒီးယားကျောင်း၌ ၂-နှစ်ကျော် နေလာခဲ့ရာ စားဝတ် နေရေး၊ ကိုယ့် ပညာ လေ့လာရေး စသည်နှင့် ပတ်သက်၍ ကိုယ် စိတ် ချမ်းသာမှု၊ ကျေနပ်မှု အြ့ပည့်အ၀ ရှိခဲ့သည်၊ 

ကမ္ဗောဒီးယားဆရာတော်နှင့် ပတ်သက်၍ စာရေးသူ သတိထားမိသည့် ထူးခြားချက်တစ်ခုမှာ“ အင်း.. အင်း.. အင်း. ဟူသော အသံတစ်ခုဖြစ် သည်၊ ဆရာတော်သည် လူများစည်းကားသည့် ဘာသာရေးပွဲ လမ်းသဘင်ကျင်းပချိန် အတွင်းဝယ် အင်း.. အင်း.. အင်.. ဟူသော အသံကို အကြိမ်များစွာ ပြုလေ့ရှိ၏၊ စာရေးသူသည် ဆရာတော်၏ “အင်း”ဟူသောအသံကို ပထမက သတိမထားမိပေ။ လူတိုင်း၌ အလေ့အထတစ်ခု ရှိတတ်ရာ သာမန်အလေ့ အထတစ်ခုဟု ထင်မိသည်။

ဘာသာရေး ပွဲလမ်းသဘင် ရှိသည့်အခါတွင် လူငယ် လူလတ် လူကြီး ပို၍စုံလင် ၏၊ ထို့ပြင် အဆင့်အတန်း မညီသည့် လူငယ် လူကြီးများနှင့် နိုင်ငံအသီးသီးမှ ထေရ၀ါဒ ရဟန်းတော် ကြီးငယ်များသည်လည်း ရောက်လာတွေ့ဆုံကြ၍ စကား အမျိုးမျိုး ယဉ် ကျေးမှု အဖုံဖုံဖြင့် နှုတ်ဆက်ကြ အရိုအသေပြုကြ၏။

သက်ကြီးရွယ်အို တချို့တို့သည် “ ကမ္ဗောဒီးယားယဉ်ကျေး မှု”အတိုင်း (ရှေးမြန်မာ့ဇာတ်သဘင်မှ မင်းသားများ ၀တ်စုံ ဆန်ဆန်) လုံချီ ခါးတောင်းကြိုက်ပုံကို ကျား-မ ပုံတူဝတ်ဆင်ကြပြီး လူလတ်ပိုင်း အမျိုးသမီးများသည် (မြန်မာအမျိုးသမီးများ ကဲ့သို့) လုံချီကိုသာ ၀တ်ဆင်ကြသည်၊

လူငယ်လေးများဒသည် ဂျင်းဘောင်းဘီ ကိုယ် စီနှင့် ဆံပင်ပုံစံသာ အနည်းငယ် ကွဲ ပြား၏။
ကမ္ဗောဒီယားအမျိုးသမီးငယ်များသည် ဆံပင်ပုံစံ အမျိုးမျိုး၊ မျက်ခုံးရောင် အသွယ်သွယ်၊ ဂါဝန်ရှည် အလီလီ၊ အထူအပါး စကတ် အစားစား၊ ဆံပင်ရောင် အရောရော၊ အသားရောင် နှုတ်ခမ်းရောင် လက်သည်းရောင် တပြောင်ပြောင် ဖြင့် မျိုးစုံအောင် “ အမေရိကန်ယဉ်ကျေးမှု”ကို တိတိပပ ခံယူထားကြ၏၊ သူတို့သည် ခမယ်စကားကို ထမင်းစား ရေသောက်လောက်သာ ပြော၍ အင်္ဂလိပ်စကားကိုသာ မိခင်ဘာသာစကားပမာ အသုံးများများ ပြုကြ၏။
ပွဲလမ်းသဘင်များသို့ ဘာသာရေးခေါင်းဆောင်များက ဖိတ်ခေါ်၍ လာကြ သော်လည်း ရဟန်းတော်များကို ဆွမ်းကပ်ပြီး ပြန်ကြသူသာ များသည်၊ တစ်ချိုံလည်း ငါးပါးသီယူ ပရိတ်နာပြီဒမှ ပြန်ကြသည်၊ ဆရာတော်ဘုရားကြီး ဘာသာရေး တရားများ ဟောကြားချိန်ဝယ် သူတို့တတွေ အပြင်ရောက်နေကြပြီး ဤသို့သော အခြေအနေ အရပ်ရပ်ကြောင့် ကရုဏာရှင် ဆရာတော်ဘုရား၏ နှုတ်တော်မှ အင်း ဟူသော အသံ ကိုသာ မကြာမကြာ ပြုမိခြင်း ဖြစ်ဟန်တူပေသည်။
စိတ်တော်၌ သိုသိပ်ထားရခြင်း များ လွန်း လာ၍သာ နှုတ်တော်မှ အသံထွက်လာရဟန်ပင်၊ ရဟန်းတော်များ၏ မြိုသိပ်မှု သည် သည်းခံမှုကို အခြေခံထားရ၍ အင်း… လောက်သာ ဆိုနိုင်ရှာမည် ဖြစ်၏။
ထိုပရိတ်သတ်ထဲတွင် အချို့လူငယ်များသည် ဆွေမျိုးနှင့် ဝေးကွာနေသူများ၊ တချို့က မိဘဆွေမျိုး မရှိသူများ ဖြစ်၍ (နှစ်သစ်ကူးပွဲမှာ သူများတွေ အလွန်ပျော်ရွှင်သ လောက်)ဆွေမျိုးမိဘမဲ့သူတို့ခမျာ ချုံးပွဲချ၍ ငိုကြရ၏။ သူတို့သည် ခရစ်ယာန်ဘုရား ရှိခိုးကျောင်းများ၌ ချမ်ချမ်းသာသာ နေရသော်လည်း ကိုယ့်နိုင်ငံနှင့် ဆွေမျိုးကို လွမ်း ဆွတ် လာသောအခါ မည်သို့သော ပျှော်စရာကိုမျှ စိတ်မ၀င်စားနိုင်ဘဲ ဘ၀အရသာ ကို ရှာမရဖြစ်ကာ ဟောခန်းအပြင်ဘက်တွင် ဟစ်အော်၍ ငိုချလိုက်ခြင်းပင်။
အထက်ပါ မြင်ကွင်းကျယ် လူကြီးများ၏ ၀တ်စားဆင်ယင်ပုံနှင့် စိတ်နေသဘော ထား ခံယူချက်များသည်လည်း မှန်ကန်၏၊ လူငယ်များ၏ ပြုမူပုံနှင့် ခံယူချက်များသည် လည်း သဘာဝနှင့် မဆန့်ကျင်လှပေ၊ ခေါင်းဆောင်ဆရာတော်သည် အပြည်ပြည်ဆိုင် ရာ ဘာသာရေး ဗဟုသုတရှိသူဖြစ်၍ နီးစပ်ရာ ဒကာ ဒကာမများအား သူ့ဆန္ဒအရ ဗုဒ္ဓဘာသာ ပီပီပြင်ပြင် ဖြစ်စေချင်သည်မှာလည်း အမှန်ပင်၊ သို့သော် အလှမ်းဝေး ကွာလှသည့် ဒကာ ဒကာမများအား ဆရာတော်တစ်ပါးတည်းနှင့် နှံ့စပ် အောင် သာသနာမပြုနိုင်သဖြင့် တစ်ခြားဘာသာသို့ ပြောင်းသွားသူများလည်းရှိနေိပြန်၏။
မိခင်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဘာသာစကားကို ဘာသာရေး ပွဲလမ်းသဘင် အတွင်းမှာ ပင် မထိန်းသိမ်းနိုင်တော့သည်ကို တွေ့ရသောအခါဝယ် ဆရာတော်တစ်ပါးတည်း မည်မျှ အပင်ပန်းခံ၍ ဟောစေကာမူ  မလွယ်ကူနိုင်သည်ကို မြင်လာ၍ အင်း ဟု ငြီးညူ မိဟန်တူပေသည်။
ယင်းသည် အင်း သည်လည်း ကုသိုလ်ရေးအတွက်ဖြစ်၍ သက္ကပဥှသုတ္တန်လာ သေ၀ိတဗ္ဗ- ဒေါမနဿမျိုးသာ ဖြစ်နိုင်ပေသည်၊ မည်သို့သော အခြေအနေ ရှိစေကာမူ သာသနာ့ဝန်ထမ်း ပီပီ ရှေ့ဆက် တရားဟောရန် တာဝန်တခုသည်ကား ဆက်လက် တည်ရှိလျှက်ပင်၊ “အာဂတော ဘာရော အ၀ဿံ ၀ဟိတဗ္ဗော”“ဟူသကဲံသို့ ကိုယ်ကျရာ တာဝန်ကို ထမ်းဆောင်နိုင်ရန်သာ စိတ်အားကိုယ်အား တင်ထားရပြီး သူများတွေ လိုက်နာသည်ဖြစ်စေ ၊ မလိုက်နာသည်ဖြစ်စေ တာဝန်အရ ရှေ့ဆက်၍သာ ဟောရ တော့၏။

“ရာဂဒေါသ လွမ်းမိုးနေသူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည် မဟုတ်ချေ၊
“ အ၀ိဇ္ဇာမှောင်ထုဖြင့် ဖုံးလွှမ်းလျက် ရာဂဖြင့် တပ်စွဲနေသူတို့သည် သိမ်မွေ့ နက်နဲ၍ အဏုမြူသဖွယ် မြင်နိုင်ခံသော(သံသရာ့)အဆန်တရားကို မြင်ကြမည်မဟုတ် ချေ”ဟု ဘုရားရှင် ဆက်ဆက်တို့ပင် အကြံဖြစ်ပေါ်ခဲံဖူးသည် မဟုတ်ပါလော။
(ဒီ-၁၊၃၂၊ သုတ်မဟာဝါ-ပြန်၊၁၄)
အမေရိကန်ပြည်ထောင်စုသို့ အမြဲ လာရောက်နေ ထိုင်သူတိုင်း၏ အခြေအနေ သည် ကမ္ဗောဒီးယား များကဲ့သို့ပင် တပုံစံတည်း အမေရိကန်ယဉ်ကျေးမှုကို ခံယူသူ ချည်းသာ ဖြစ်ပေသည်၊ အခွင့်အရေဒးတူ ခံစားခွင့်ရှိလျှင် ချစ်ခင်မှုရှိ၏၊ အချင်းချင်း ချစ်ခင်လျှင် ရောနှောနိုင်၏၊ လူ-ချင်းရောနှောလျှင် ယဉ်ကျေးမှုကို လက်ခံနိုင်သည်ပင်။ ကလေးများ က ကျောင်းတွင် ပိုမို ရောနှောကြသောကြောင့် မိဘနှင့် သားမီးသည်ပင် အစားအစာချင်း မတူတော့ဘဲ ငယ်ရွယ်သူများက အမေရိကန်အစာကို ပိုမို ကြိုက်ကြပြီး နေထိုင် ဆက်သွယ်ရေး စသည်မှာလည်း “ထိုနည်းလည်းကောင်း ထိုနည်းလည်း ကောင်း” ဟူသော မြန်မာ သီချင်းကဲ့သို့ အတိုချုပ်သဘော ပေါက်နိုင်ပေ၏။
စာရေးသူအနေဖြင့် သတိပေးလိုသည်မှာ မိမိ ဘာသာရေးး လူမျိုးရေး တိုင်းပြည် ရေးနှင့် ယဉ်ကျေးမှုကို တကယ် နှစ်သက် ခင်တွယ်ပါလျှင်  အောင့်အီးသည်းခံကြပါ၊ ကိုယ့်တိုင်းပြည်အတွင်းမှ အပြီးပိုင် ခွဲခွားသွားရန် စိတ်မကူးကြပါလင့်၊ ပညာရေး စီးပွား ရေးတို့ကို လေ့လာလိုသူများအဖို့ နှစ်ကာလ အပိုင်း အခြားဖြင့်သာ မိခင်နိုင်ငံမှ ခွဲခွါ သင့်ပါ၏၊ အကယ်၍ အမေကျော် ဒွေးတော်လွမ်းခဲ့ပါလျှင် ထိုသည့် မိသားစုများသည် “ထိုနည်းလည်းကောင်း”ဖြစ်ပါလိမ့်မည်။

ဤဖြစ်ရပ်မှန်များ၏ အကြောင်းရင်းမှာ “ရောမရောက်လျင် ရောမမြို့သားလိုကျင့် ရမည်”ဟူသကဲ့သို့၎င်း၊ “ လူဟူသည် ပတ်ဝန်းကျင် ဆိုင်းပမာ တီးပေးသည့် ကကြိုး ကွက် နှင့်အညီ ကနေရသူသာ ဖြစ်သည်” ဟူသကဲ့သို့၎င်း။ နီးစပ်ရာ ပတ်ဝန်း ကျင်ကို မတော်လှန်နိုင်သောကြောင့် ဖြစ်ပသည်၊ ယင်းသို့သော အခြေအနေကို မြင်၍ နိုင်ငံခြား ရောက် ထိုင်းဒကာ ဒကာများသည်“ ဘာသာရေး လူမှုရေးရောသည့် အဖွဲ့များ” ဖွဲ့စည်း၍ ဘုန်းကြီးကျောင်းများ ထူထောင်ကြ၏၊ ထိုင်းစာသင်ခြင်း၊ ဘုရားဝတ် တက်ခြင်း၊  တရား နာယူခြင်းများဖြင့် သူတို့ယဉ်ကျေးမှုကို တိုင်းတပါး၌ ထိန်းသိမ်း ထားကြ၏။

သူတို့နှင့် နီးစပ်ရာ တိုင်းရင်းသားများကိုလည်း ဆွဲဆောင်ခေါ်ယူလာကြ၏၊ ကမ္ဗောဒီယား၊ လာအို၊ သီရိလင်္ကာ၊ ဗီယက်နမ်နှင့် တခြားလူမျိုးများသည်လည်း လူမျိုးစု အလိုက် ဖွဲ့စည်း၍ ကျောင်းကန်များ ထူထောင်ကြသည်။
ထူးခြားသည်မှာ တိဗက်ကျောင်းအဖွဲ့မှ တိဗက်ဘုန်းကြီးကိုသာ ပင့်ဆောင်ကိုး ကွယ်ကြသကဲ့သို့ သီဟိုဠ်များကလည်း သီဟိုဠ်ဘုန်းကြီးကိုသာ ပင့်ဆောင်ကိုးကွယ် ကြ၏။ အမေရိကန်ပြည်ဖွား ဂျပန်များသည် အင်္ဂလိပ်စကာေးပြာသူများဖြစ်၍ အင်္ဂလိပ် စကားပြောသည့် ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတိုင်းကို ပင့်နိုင်သော်လည်း ဂျပန်တွင် ရဟန်း ဖြစ်လာပြီး ဂျပန်ယဉ်ကျေးမှုကို ကျွမ်းကျင်သည့် ဂျပန်ဘုန်းကြီးကိုသာ ပင့်ဆောင်ကိုး ကွယ်ကြ၏၊ လာအို ကမ္ဗောဒီးယား ထိုင်းနှင့် မြန်မာ များမှာလည်း ထိုနည်းလည်း ကောင်းပင်၊ ကိုယ့် အမျိုးသား ရဟန်းကိုသာ ပင့်ဆောင် ကိုးကွယ်ကြ၏၊ ယဉ်ကျေးမှု.. ယဉ်ကျေးမှု   ။

ကမ္ဘာပေါ်ရှိ ဆင်းရဲသည့်နိုင်ငံအချို့ဝယ် ထောပန် ပျားရည် ဒိန်ခဲ စသည့် အစား ကောင်း များ မရှိကြ၍ ထိုနိုင်ငံရှိ လူများသည် အစားအစာကောင်းကို ပေါပေါများများ မစားနိုင်ကြသဖြင့် အာဟာရ ချို့တဲ့သည့် ရောဂါများ စွဲကပ်ကြသည်၊ အမေရိကန်နိုင်ငံ စသော ချမ်းသာသည့် နိုင်ငံများဝယ် နွားနို့အမျိုးမျိုး၊ နို့မှုန်အသွယ်သွယ် ထောပတ် အလီလီ ပျားရ်အတန်တန် ဒိန်ခဲအစားအစား ချောကလက်အဖုံဖုံ အလွန့်အလွန် စုံသ ကဲ့သို့ ထိုနိုင်ငံရှိ လူများကလည်း လွယ်လွယ်ရ၍ လွယ်လွယ်စားကြသဖြင့် သွေးကြော ပိတ်ရောဂါ  အမျိုးမျိုးနှင့် ၀လွန်းသည့်ရောဂါများ စွဲကပ်ကြသည်၊

ထိုကြောင့် ချမ်းသာပြီး နိုင်ငံများ လူများသည် ဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း မျက်စိရှေ့မှောက် ရောက် နေသည့် နို့ထွက်ပစ္စည်းများကို မြင်ရုံသာမြင်ရ မကြင်ရ မောင့်မှာ” ဟူသကဲ့သို့ ရှောင် ထားကြရသည်။
ဤသို့လျှင် ဆင်းရဲသောနိုင်၌ နေသူ များမှာ ရှားပါး၍ မစားရသကဲ့သို့ ချမ်းသာ သည့် နိုင်ငံ၌ နေသူများမှာလည်း ရှောင်ထားရ၍ မစားရပြန်သဖြင့် စိတ်တောင့်တ သလောက် မစားရ တာချင်းမှာ တူနေပေသည်။
ချမ်းသာသော နိုင်ငံများ၌ ရုပ်မြင်သံကြား အမျိုးမျိုး အသံဖမ်းစက် အစားစား ပေါ များသလောက် အိမ်တိုင်းစေ့လောက် ၀ယ်ယူထားသည်ကို တွေ့နိုင်ပါ၏ သို့သော်  တခြား ရုပ်ဝတ္ထုများက အသစ်သစ်တိုးတက်လျက် ပေါ်နေပြန်သဖြင့် ထိုထို ရုပ်ဝတ္ထု ပစ္စည်းများကို ၀ယ်ဖို့အတွက် နေကုန်နေခမ်း အလုပ်ခွင်မှာ နေကြရသဖြင့် စိတ်တိုင်းကျ ၀ယ်ထားသည့် ဇိမ်ခံပစ္စည်းများကို စိတ်ရှိသလောက် ဇိမ်ခံသုံးစွဲဘို့ အချိန် များများပေး၍ မသုံးနိုင်သည့် အချက်မှာလည်း တူလျက်ပင် ရှိနေပြန်သည်။

ချမ်းသာသည့် နိုင်ငံများဝယ် ငွေချေးသည့် ဘဏ်တိုက်ကြီး-ငယ်များ၏ အကူညီ ဖြင့်“အကြွေးရရင် ဆင်ကိုတောင် ၀ယ်စီးမယ်”ဟူသော စကားပုံကဲ့သို့ပင် လူအများ သည်ပင် ပစ္စည်းကြီး-ငယ် တို့ကို အကြွေးဝယ်သုံးကြသဖြင့် အကြွေးဆပ်နိုင်အောင် မနား မအားရအောင် ပြေးလွှား၍ အလုပ်လုပ်ကြရ၏။ ဆင်းရဲသည့် နိုင်ငံသားများ သည် လည်း လုပ်အားခ နည်းပါးကြသဖြင့် စားဝတ်နေရေး ပြေလည်အောင် နေ့မအား ည မ အားဘဲ တကုပ်ကုပ် လုပ်ကြရ၏၊ ထို့ကြောင့် မည်သူက မည့်သည့်နိုင်ငံကို ဘယ်လို ပင် ချမ်းသာ ဆင်းရဲခွဲခြားနေသော်လည်း စိတ်မအားကိုယ်မနားရဘဲ လုပ်ကြရခြင်းကား တူနေပြန်တော့သည်။
ကမ္ဘောဒီယား နိုင်ငံရှိ အုပ်ချုပ်သူများသည် အမြင်အမျိုးမျိုးဖြင့် ပုံစံအမျိုးမျိုးဆွဲ၍ မိမိတို့ ရည်မှန်းသည့် အကောင်းဆုံးအဆင့်သို့ ရောက်စေရန် အုပ်ချုပ်နည်း အုပ်ချပ်ဟန် ကွဲပြားကြသော်လည်း ပြည်သူပြည်သားများက အုပ်ချုပ်သူများကို ဝေဖန်ကြရမှာလည်း တူနေပြန်သည်။ (တစ်ခါတစ်ရံ မိသားစုချင်းပင် ဝေဖန်သည်မဟုတ်လော။)

ဤအထက်ပါ တူနေသည့် အချက်များစသည် အခြား အကြောင်း အမျိုးမျိုး ကြောင့် မဟုတ်ေပ။ “ ရလေလိုလေ အိုတစ္ဆေ၊ လူ့အကြိုက်နတ်မလိုက်နိုင်” ဟူသော စကားပုံကဲ့သို့ သံသရာ ကိုချဲ့တန်သော တဏှာ၏ မူရင်း သဘာဝ ဆာလောင်မှု လက္ခဏာ ကြောင့်အပင် ဖြစ်ပေသည်၊ ဘုရားရှင်ကမူ“သန္တုဋ္ဌီ ပရမံ ဓနံ- ရောင့်ရဲ တင်းတိမ် လူ့စည်းစိမ်” ဟူ၍ မင်္ဂလသုတ္တန်၌ ဟောထားသည်။
အမေရိကန်ပြည်ထောင်စုသို့ ရောက်သည့် ကမ္ဘာအရပ်ရပ်မှ လူများသည် ဘာသာရေးအဖွဲ့ အသီးသီး ထူထောင်၍ အစ္စလာမ်ဘာသာကို မူတည်၍ တွေးခေါ် ဆောင်ရွက်သည်၊ သို့သော် အမေရိကန်နိုင်ငံ၌ အမျိုးသမီး တယောက်ကိုသာ လက်ထပ်ထားနိုင်သဖြင့် ဥပဒေကို ဆန့်ကျင့်ရဲသူမှာ မရှိသလောက် နည်းပါး၏။

အမေရိကရောက်သူများသည် မိမိတို့ အသင်းပိုင် ဘုရားရှိခိုးကျောင်းများကို မိမိ နိုင်ငံမှ ယဉ်ကျေးမှုပါဝင်သော ပုံစံဖြင့် ဖန်တီးနိုင်ရန် စိတ်ကူးကြ၊ ကြိုးစားကြသကဲ့သို့  ဘာသာရေးပွဲများ၌  တိုင်းရင်းသား ၀တ်စုံများကို ၀တ်၍ ဂုဏ်ယူကြ ခြင်းမှာလည်း တူကြပြန်၏၊ သီဟိုဠ်တွေက ဆာရီဖြင့် ရှိုးထုတ်သကဲ့သို့ လူနီမျိုးများကလည်း ငှက် တောင်မျိုးစုံကို တပ်ဆင်၍ ဂုဏ်ယူဝတ်စားကြ၏၊ သို့သော် “မြန်မာပုဆိုး”မျိုးကိုမူ ၀တ်တူ အလွန်နည်းးပါးပါပေသည်၊ အမေရိကန်များက ပုဆိုးဝတ်သူကို မြင်ရလျှင် “နှုတ်ခမ်းမွေးနှင့် စကပ်ရှည်ဝတ်သူ”ဟု ထင်ကြ ပြောကြ ရေးကြသည်။

အခါကြီးရက်ကြီး တရားပွဲများတွင် မိမိတို့နိုင်ငံ ယဉ်ကျေးးမှုကို အခြေခံထား၍ အခမ်းအနားကို စီစဉ်ကြသကဲ့သို့ မိမိတို့၏ တိုင်းရင်းသား ဘာသာ အသီးသီးဖြင့် တရား ဟောပြောခြင်းမှာလည်း တူနေပြန်သည်၊ လူကြီးများက မိမိတို့တိုင်းရင်းသား ဘာသာ စကားကို လေးစားသကဲ့သို့ အမေရိကန်အစိုးရကလည်း အားပေးသည်၊ ထိန်းသိမ်း သည်၊ သို့သော် လူငယ်များသည်ကား အင်္ဂလိပ်စကားကိုသာ မိခင်ဘာသာစကားအဖြစ် အသုံးပြုကြပေသည်။
ယင်းသို့လျှင် နိုင်ငံခြား တိုင်းပြည်ပေါက် မိမိတို့၏ ရင်သွေးများကို မိမိတို့၏ တိုင်း ရင်းသား စာပေ (မိခင်စာပေ) သင်ပေးဖို့ ဘာသာရေးအဖွဲ့ တိုင်းက စီစဉ်ကြသော်လည်း ကလေးများက အမေရိကန်ယဉ်ကျေးမှုနှင့် စာပေကိုသာ လက်ခံထားကြခြင်းမှာလည်း တူနေပြန်၏ အသင်း၏ အမှုဆောင်များသည် (နိုင်ငံခြားစာပေနှင့် စကားတတ်ကျွမ်းပါ သော်လည်း) မိမိတို့၏ မိခင်ဘာသာဖြင့် စည်းဝေး ဆုံးဖြတ်၍ ကြေငြာချက်ထုတ်ကြ သကဲ့သို့ မိမိတို့နိုင်ငံရှိ မိမိတို့စွဲလမ်းရာ ဂိုဏ်းဂဏမှ ရဟန်းတော်များကိုသာ ပင့်ဆောင် ရန် ကြိုးစားခြင်းလည်း တူနေပြန်၏။

မှတ်ချက်။ အခွင့်သင့်ပါက ဆက်လက်ဖော်ပြပါမည်။

အရှင်ကေလာသ(၀ါရှင်တန်ဒေစီ) ရေးသားသည်။ အီးမေးလ်မှ လက်ခံရရှိသည်ကို ပြန်လည်ဖော်ပြသည်။




0 comments: