Thursday, December 30, 2010

၂၀၁၀ နဲ့ ပုံရိပ်ဟောင်းများ (၇)

မသစ္စာအလင်းရဲ့http://www.thitsaralin.org သဒ္ဓါတရားကတော့ အံ့ဩစရာပါ၊ ပရဟိတအလုပ်နဲ့ ပတ်သက်လာရင် ပုဂ္ဂိုလ်စွဲ မရှိဘဲ ကူညီဆောင်ရွက်ပေးလေ့ရှိပါတယ်။ အဆံပြည့်သူမို့ ကိုင်းညွတ်မှုကလဲ ပိုပါတယ်။ အဆံပြည့်လေ ကိုင်းညွတ်လေဆိုတဲ့ မြန်မာစကားဟာ တကယ် အဆန်ပြည့်သူတွေအတွက်တော့ တကယ့်အမှန်တရားပါ၊ အဆန်ချောင်လို့ အသံဟောင်နေတဲ့ လူတွေကိုလဲ မကြာခဏတွေ့ဖူးနေလို့ပါ၊

မသစ္စာလင်းအတွက်တော့ အချိန်ဆိုတာ သူနဲ့ အမြဲရန်ဖြစ်နေကြ။ အချိန် လုံလောက်မှုနည်းသူလို့ ပြောနိုင်မယ်ထင်တယ်။ လက်၇ှိလုပ်နေတဲ့ လုပ်ငန်းများအပြင် ကလေးငယ်များကို စာပေသင်ကြားပေးခြင်း။ ပိုင်းလော့ဆရာတော်ကြီးတရားစခန်းမှာ လိုအပ်တာ ကူညီပေးခြင်း၊ ကျောင်းမတက်နိုင်တဲ့ ကလေးငယ်များကို ကျောင်းထားပေးခြင်း..စတဲ့ ကုသိုလ်အလုပ်တွေနဲ့ အမြဲအချိန်ကုန်လေ့ရှိပါတယ်။ ကုသိုလ်ဆိုတာ ဘ၀ရဲ့ပန်းတိုင်လို့ ခံယူထားသူလဲ ဖြစ်ပါတယ်။

၁၃၇၂ ခု၊ သီတင်းကျွတ် ပြီဆိုတော့ မသစ္စာလင်း-က အမေရိကားမှာ ရှိတဲ့ ဒကာဦးအောင်ကိုးနဲ့ဆက်သွယ်ပါတယ်။ မိမိရဲ့ ခရီးစဉ်အတွက် စပွန်ဆာကိစ္စ ဆောင်ရွက်ကြပါတယ်။ ဒကာဦးအောင်ကိုး.ကလဲ အင်တာနက်စာမျက်နှာကများက တဆင့် မိမိကို သိရှိပြီးဖြစ်လို့ စပွန်ကိစ္စ ချောချောမောမော ဆောင်ရွက်ပေးခဲ့တယ်။ သူတစ်ယောက်ထဲဆိုရင် စိတ်မချရမှာစိုးလို့ နောက်ထပ်တစ်ယောက် ဒကာ ဦးအောင်သန်းနဲ့ တွဲပြီး စပွန်ဆာပေးခဲ့ကြတယ်။ အမေရိကားကို အရင်ရောက်နေတဲ့ သူငယ်ချင်း မနက်ဖြန်ကလည်း စပွန်ကိစ္စ မြန်မြန်ဆန်ဆန်ဖြစ်ဖို့ တွန်းအားပေးခဲ့တယ်။ စပွန်ဆာကို သယ်ယူလာသူကတော့ ဒကာ ဦးဝင်းလှိုင်ပါ. မိမိ တည်းခိုနေတဲ့ ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းကို အရောက်လာပို့ပါတယ်။

မသစ္စာလင်း၊ မချိုချိုအေး(US Embassy) ဦးဝင်းလှိုင်၊ ဦးငွေဝင်း (Miya Win In’l Ld Company) တို့နဲ့ ဗီဇာ ကိစ္စအတွက် ဆွေးနွေးဖြစ်ခဲ့တယ်။ ဒကာ ဦးငွေဝင်းရဲ့ ကုမ္ပဏီမှာပဲ DS 160 ဖောင်ကိုဖြည့်ခဲ့တယ်. ဒကာ ဦးငွေဝင်းရဲ့ အတွင်းရေးမှူး ဒကာမလေးက အစစ ကူညီခဲ့တယ်။ ဖောင်ဖြည့်ချိန် ၅ နာရီလောက်တော့ ရှိမယ်လို့ထင်တယ်။ နိုဝင်ဘာ (၃၀)ရက်နေ့မှာ လူတွ့အင်တာဗျူးခေါ်တယ်.. ရှောရှော ရှုရှုပါပဲ..ဘာအခက်အခဲမှ မရှိဘဲ အဆင်ပြေခဲ့တယ်။

ဒီဇင်ဘာ ၂ ရက်နေ့မှာ အမေရိကန် ဗီဇာကို ထုတ်ပေးခဲ့တယ်။ ဗီဇာ ရပြီးတော့ သွားဖို့လာဖို့ ပြင်ဆင်ရတယ်။ ဒကာဦးဝင်းလှိုင်ရဲ့ သမီးကြီးချောစုက လေယဉ်လက်မှတ်အတွက် အစစ အရာရာ ကူညီဆောင်ရွက်ပေးခဲ့တယ်။ D.form ရတဲ့အထိ အစ အဆုံးကူညီပေးခဲ့တယ်။ လေယဉ်လက်မှတ် ရပြီးတော့ ရန်ကုန်ကနေ စင်္ကာပူကိုထွက်ခဲ့တယ်။

စင်္ကာပူမှာ ဘာမှ မှတ်မှတ်ရရ အလုပ်မရှိခဲ့ဘူး။ Lotus Foundation Family တွေနဲ့ တွေ့ဆုံစကားပြောဖြစ်တယ်။Yaw Community Family တွေက မိမိအတွက် လိုအပ်တာတွေကို အကောင်းဆုံးကူညီပေးခဲ့ကြတယ်။ လေဆိပ်ကနေ လေယဉ်ထွက်တဲ့အထိပဲ ဆိုပါတော့။ စင်္ကာပူကနေ SQ 62 S’pore Air နဲ့ မော်စကို.ကိုထွက်လာတယ်..လေယဉ်စီးချိန် ၁၄ နာရီလောက်ရှိတယ်..မော်စကို.ရောက်တော့ လေယဉ်ပေါ်ကနေ ဆင်းရတယ်..Hund Curry တွေယူပြီး လေဆိပ်ထဲမှာ ၁ နာရီခွဲလောက် နားကြရတယ်။

ပြီးရင် မော်စကို ဟူစတန်ကိုဆက်စီးရတယ်။ မော်စကို ဟူစတန်ကလဲ ၈ နာရီလောက်ထပ်စီးရတယ်။ ဟူစတန်မှာပဲ Immigration ၀င်ရတယ်. အားလုံး ရှောရှော ရှုရှုပါပဲ။ ဟူစတန်ကနေ နောက်ထပ် သုံးနာရီခွဲလောက် လေယဉ်ဆက်စီးရတယ်။ Minneapolis နိုင်ငံတကာ လေဆိပ်ကို ရောက်လာခဲ့တယ်။ လေဆိပ်မှာ ဆရာတော် ဦးနန္ဒ၀ံသနဲ့ ဒကာ ဦးအောင်ကိုးတို့က ကြိုဆိုနေကြတယ်။

မိမိရဲ့ ကုသိုလ်အတွင်းရေးမှူးကြီး မသစ္စာလင်းကတော့ ရသမျှလူတွေကို တွေ့ဆုံ မိတ်ဆက်ပြီး မိမိရဲ့ ခရီးစဉ်အားလုံးအဆင်ပြေဖို့အတွက် ကိုယ်အား ဥာဏ်အား ပစ္စည်းအားနဲ့ အနားသတ်လှပအောင် ပုံဖော်ပေးခဲ့တဲ့အတွက် ခရီးစဉ် အစ အဆုံးဟာ ဘာအခက်အခဲမှ မရှိခဲ့တာပါ။

မီနီဆိုးတား မေပယ်ဝုရဲ့ဆောင်းကတော့ စနိုးလှလှလေးတွေကို မပျင်းမရိ လမ်းပေါ်ကို ခြွေချနေတယ်။ သစ်ပင် အဆောက်အဦး လမ်းမဘေး ဘယ်နေရာကြည့်ကြည့် စနိုးလေးတွေ စုပုံနေတယ်။ အဲယားကွန်းမလိုဘဲ အေးမြတဲ့လေတွေနဲ့ လောကကို အလှဆင်နေကြတယ်။။ zero air pollution ပြည်နယ်မို့ အောက်ဆီဂျင်အပြည်အဝပါတဲ့အေးမြသန့် ရှင်းတဲ့
လေတွေတဝကြီးရှူရှိုတ်ခွင့်ရတဲ့အတွက်လဲ မိမိရဲ့ ကျေးဇူးရှင် ကုသိုလ်အကျိုးဆောင်များ အားလုံးကို ကျေးဇူးတင်ရပါတယ်။

Zero Air Pollution ပြည်နယ်


မြန်မာပြည်လောက်ရှိတဲ့ပြည်နယ် တခုလုံးမှာ လူဦးရေ ၅သန်းဘဲနေထိုင်ကြတာမို့ လဲ လူနေကြဲပြီး အထူးသန့့် ရှင်းလှပသာယာတဲ့ပြည်နယ်တခုလို့ ဆိုရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လူ့အသိ လူ့တာဝန်နဲ့ သဘာဝအလှကြွယ်တဲ့နေရာမှာ စစ်မှန်တဲ့ အလှတွေနဲ့ အနားသတ်ပေးနိုင်ရင်တော့.. ဘယ်သူပြိုင်လို့ လှပါတော့နိုင်လို့..ပြောရတော့မလိုလိုပါ။

တိုက်ဆိုင်တယ်ပဲ ပြောပြော မိမိရောက်တဲ့နေရာမှာပဲ အတူယှဉ်နွှဲ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီးက အသင့်စောင့်ကြိုနေခဲ့တယ်. ဟဲပီး နယူး ရီးယားကို ဗုဒ္ဓဟောကြားတဲ့ မြတ်ပဋ္ဌာန်းနဲ့ဖွင့်ခွင့် ရမှာမို့ ၀၁-၀၁-၂၀၁၁ (၁၁၁၁)တစ်လေးလုံးနှစ်ဟာ မိမိအတွက်တော့ အမှတ်ရစရာ...

0 comments: