Sunday, October 12, 2008

ယောအသင်း ( စင်္ကာပူ ) ကထိန်သင်္ကန်းကပ်လှူကြမည်

၉-၁၁-၂၀၀၈ (တနင်္ဂနွေနေ့) တွင် Eunos MRT အနီးရှိ မင်္ဂလာဝိဟာရ ( သီရိလင်္ကာကျောင်း)တွင် ဓာတ်တော်ဆရာတော် အမှူးပြုသော သံဃာတော်များအား ယောအသင်း( စင်္ကာပူ)မှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း, နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်မည်ဖြစ်ပါသည်၊ သို့ဖြစ်ပါ၍ ကထိန်သင်္ကန်းဆက်ကပ်ပွဲသို့ တက်ရောက်ပါရန် နွေးထွေးစွာ ဖိတ်ကြားအပ်ပါသည်။ ယခင်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းစဉ်က ကဲ့သို့ သင်္ကန်း လှူဒါန်းခြင်း ဆွမ်းကွမ်းကိစ္စ စီမံချက်ပြုတ်ရန်အတွက် စည်းလုံးညီညွတ်စွာ ၀ိုင်းဝန်းကူညီခြင်းနှင့် အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ အကြံပြုဆွေးနွေးရန်အတွက် အောက်ပါနံပါတ်များသို့ဆက်သွယ်နိုင်ပါသည်။

ဦးမြတ်ခင် - ၉၀၆၆ ၉၅၈၇
ကိုထွန်းလှိုင်- ၉၆၁၃ ၆၄၃၄
မမြင့်စိန်- ၈၁၆၄ ၄၃၅၉
ကိုကြည်ညွန့်ရှိန်- ၉၀၂၁ ၄၅၉၀

ယောအသင်း (စင်္ကာပူ)
စင်္ကာပူနိုင်ငံ

0 comments: