Tuesday, May 26, 2009

လူ့ဘုံရိပ်နန်း ပယ်ခွါလှမ်း၍

သာသနာကျိုး ရွက်သယ်ပိုးမည့်
လောင်းလျာအရှင် ဆရာသခင်ကို
ကဆုန်လပြည့် ကျော်သည့်နေ့ရက်
ခြောက်ရက်မြောက်တွင် မယ်တော်ဝမ်းမှ
ဖွားတော်မူသည် ဇာနည်တစ်ပါး ပေါ်တယ်လေး။

ဖွားမြင်မြောက်ကာ ဆယ့်တစ်နှစ်ရွယ်
ချိန်ခါရယ်၌ လူဘုံရိပ်နန်း
ပယ်ခွာလှမ်း၍ သာသနာ့ဘောင်
သွတ်သွင်းဆောင်၏ စာပေကျမ်းဂန်
ဆည်းပူးမှန်သည် နတ်လူအကျိုး ဆောင်တယ်လေး။

သာမဏေကျော် ဘွဲ့တော်နှင့်တူ
သာသနာဓဇ ဓမ္မာစရိယဟု
အပ်နှင်းခံယူ အောင်တော်မူ၍
သီရိလင်္ကာ မြေမဟာ၌
ထပ်ဆင့်ကွန့်မြူး အောင်ကာထူးသည် ဆီမီးရောင်သို့ ထွန်းတယ်လေး။

လောကုတ်လောကီ နှစ်လီဋ္ဌာန
ပြည့်ဝအကျိုး သယ်ပိုးသည့်ရှင်
မြတ်သခင်၏ မွေးနေ့ခါ၌
ရေနံ့သာမောင် ကာရံဆောင်၍
ညွှန်းဆိုဖွဲ့သီ ဂုဏ်ကိုရည်သည် နတ်လူသာဓု ခေါ်တယ်လေ။ ။

ရေနံ့သာမောင် ရေးဖွဲ့သည်.

0 comments: